*242* မထိန်းနိုင်တော့ဘူး

3.8K 572 18
                                    

နာရီဝက်လောက် ပျံသန်းသွားပြီးနောက် ဒေါင်းဖြူက တဖြေးဖြေးအရှိန်နှေးသွားကာ တောင်ထိပ်တစ်ခုမှာ ဆင်းသက်လိုက်သည်။ ရုန်ယိနဲ့ယင်ကျင်းရဲ့တို့ ဆင်းလိုက်ပြီးတာနဲ့ သူ့အတောင်ပံတွေကို အသာဖြန့်ကာ အဝေးကိုပျံထွက်သွားတော့သည်။

ရုန်ယိ ပတ်ပတ်လည်က မှောင်မဲနေတာကိုလိုက်ကြည့်ပြီး အံ့သြသွား၏။
"ကလေးတွေအဖေ.. ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ"

ယင်ကျင်းရဲ့ အရှေ့တည့်တည့်ကိုကြည့်ရင်း ပြန်ဖြေလာသည်။
"အရင်ကတော့ ဝမ်ချွမ်မြို့လို့ခေါ်ကြတယ်"

"ဝမ်ချွမ်မြို့!.. ခင်ဗျားဆိုလိုတာ မြေအောက်ကမ္ဘာက တမလွန်ဘဝကိုမသွားခင် ဖြတ်သွားရတဲ့ ဝမ်ချွမ်မြစ်လိုမျိုး ဝမ်ချွမ်ကိုပြောတာလား"

"ဟုတ်တယ်"

"ဘာလို့ အရင်ကခေါ်ကြတယ်လို့ ပြောတာလဲ"

ယင်ကျင်းရဲ့ သူ့ကိုရှင်းပြလာသည်။
"ပြောကြတာတော့ လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်က ဒီနေရာမှာ လှပပြီးစည်ကားသာယာတဲ့ မြို့ကြီးတစ်မြို့ရှိခဲ့တယ်တဲ့.. ပေပနယ်မြေရဲ့ ထိပ်တန်းမြို့ဆယ်မြို့ထဲက တစ်မြို့ဘဲ။.. တစ်ရက်ကျတော့ မြို့ထဲက ကျင့်ကြံသူတွေအကုန် ဘာသဲလွန်စမှမကျန်ခဲ့ဘဲ ရုတ်တရက်ပျောက်သွားကြတယ်"

"သူတို့က ပြောင်းရွှေ့သွားကြတာမဟုတ်ဘဲ ပျောက်သွားကြတာ သေချာရဲ့လား"

"ဟုတ်တယ်..  မြို့ကြီးတစ်မြို့လုံးပါ ပျောက်သွားခဲ့တာ.. မျက်မြင်တွေ့ခဲ့တဲ့သူပြောတာတော့ မြို့ရော မြို့ထဲကလူတွေရော အကုန်ပြိုင်တူပျောက်သွားကြတာတဲ့"

ရုန်ယိ ပိုလို့တောင်ထူးဆန်းတယ်လို့ ခံစားလိုက်ရ၏။
"အကယ်၍ တစ်ယောက်ယောက်က သူတို့ပျောက်သွားတာကို မြင်ခဲ့တယ်ဆိုရင်.. မြင်ခဲ့တဲ့သူကရော ဘယ်လိုဖြစ်လို့ ကျန်နေခဲ့ရတာလဲ"

"အဲ့လူပြောတာတော့ မြို့ထဲမှာရှိနေခဲ့တဲ့လူတွေဘဲ ပျောက်သွားကြတာ.. မြို့ပြင်ကသူတွေအကုန် ဘာမှမဖြစ်ကြဘူးတဲ့.. ပြီးတော့ အဲ့နေရာမှာ တွင်းကြီးတစ်ခုဖြစ်ကျန်ခဲ့တယ်"
ယင်ကျင်းရဲ့ အမှောင်ထဲမှာ အရှေ့ကတောင်ခြေက တွင်းကြီးကို လက်ညှိုးထိုးပြလိုက်ပြီး
"တွေ့ရလား.. အဲ့နေရာက အရင်က ဝမ်ချွမ်မြို့ရှိခဲ့တဲ့နေရာဘဲ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now