*237* ကိုရင်လေး

4.2K 628 55
                                    


ရုန်ယိ ယင်ကျင်းရဲ့နဲ့ ကျန်သူတွေ ပြိုင်ကွင်းကနေ ထွက်လာခဲ့ကြပြီး ခပ်ဝေးဝေးရောက်တဲ့အချိန် ရုန်ယိ ခပ်ညစ်ညစ်လေးပြုံးပြီး မေးလိုက်၏။
"ကလေးတွေအဖေ.. ခုနက ကျွန်တော့်တိုက်ကွက်က ဘယ်လိုနေလဲ"

သူ့ရဲ့ တစ်စိတ်ကိုတစ်အိတ်လုပ်နေတဲ့ပုံစံကိုကြည့်ပြီး ယင်ကျင်းရဲ့ နှုတ်ခမ်းထက် အပြုံးရေးရေးပေါ်လာကာ ပြန်ဖြေလိုက်သည်။
"အင်း.. တော်တော်လေး ကောင်းတယ်.. တစ်ဖက်လူကိုရှောင်ရမဲ့နည်းကို ရှာတွေ့ပြီး မင်းရဲ့စွမ်းအားအကုန်မသုံးရသေးတဲ့ အခြေအနေအောက်မှာတောင် တစ်ကွက်တည်းနဲ့ သူ့ကိုအနိုင်ယူလိုက်နိုင်တာ.. ဒါက မင်းအတွက် အတော်လေးကောင်းသွားတယ်.. ပြီးတော့ နေရာမှာရှိနေသမျှ လူအားလုံးကိုပါ စွမ်းအားကြီးတဲ့ဓားချီတွေနဲ့ ထိတ်လန့်သွားအောင် လုပ်လိုက်နိုင်တယ်လေ"

အမှန်တော့ သူအပြောချင်ဆုံးက ရုန်ယိရဲ့ဓားက စွမ်းအားကြီးဓားချီတွေ ထုတ်လွှတ်လိုက်တဲ့အခိုက်မှာ သူ့ရဲ့ချောမောတဲ့မျက်နှာနှင့် တစ်ကိုယ်လုံးကနေ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ဆွဲဆောင်မှုတစ်မျိုး ​ထုတ်လွှတ်နေတယ်ဟုပင်။ တစ်ခဏလောက် ထိုအခိုက်အတန့်ထဲ စိတ်လွင့်သွားမိပြီး သူ့ကို ကျင့်ကြံဖော်အဖြစ် ရထားတာ ကောင်းချီးတစ်ခုဟုပင် ခံစားလိုက်ရသည်။

အနောက်မှ ရှန်းလွီ့က သက်ပြင်းချလိုက်၏။
"ဓားကျင့်ကြံသူတစ်ယောက်က အရမ်းစွမ်းအားကြီးတာဘဲ"

ရုန်ယိ နိုင်သွားတာ တွေ့လိုက်ရတဲ့အခိုက် သူပါ ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ချင်သွားသည်။ ဒါပေမဲ့လည်း သူ့ဝိညာဥ်သွေးကြောက မီးဝိညာဥ်သွေးကြောဖြစ်နေတာကြောင့် သူကျင့်ကြံလို့မရပေ။

ပုချီကလည်း ဝင်ပြောလာသည်။
"အထူးသဖြင့် ဆရာ သူ့မှော်လက်နက်ကို ကြိုက်တဲ့အချိန် မွမ်းမံခြင်းအင်းကွက် ကပ်နိုင်ပြီး ပြိုင်ဖက်ရဲ့လက်နက်ကို ဖိနှိပ်ထားလိုက်နိုင်တဲ့အချိန်ဘဲ"

ရုန်ယိ သူတို့ဘက်လှည့်ကာ ပြုံးပြလိုက်သည်။
"ခင်ဗျားတို့ လက်နက်ပေါ်ကပ်လိုက်တာ ဘာအင်းကွက်လဲဆိုတာ သိချင်နေကြတာမလား"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now