ရှို့ကျို့ ခေါင်းခါပြလိုက်သည်။
"သူမလိမ်ဘူး...လွန်ခဲ့တဲ့သုံးနှစ်ကျော်က သခင်နဲ့သခင်လေးရုန်တို့ မိစ္ဆာတောအုပ်ကိုသွားပြီး မရဏငရဲပန်းသွားရှာတဲ့အချိန်မှာ သူ မြို့သခင်မရန်ကို နောက်ဆုံးတွေ့ခဲ့တာ.. ဒါပေမဲ့ မြို့သခင်မရန်ပျောက်ဆုံးနေတဲ့အချိန်အတောအတွင်း သူ ရှင်းမော့ခန်းမကိုသွားပြီး သူတို့ဂိုဏ်းချုပ်ကို သတင်းပို့ဖို့သွားခဲ့တယ်... အဲ့တုန်းက အခန်းထဲမှာ သူတို့ဂိုဏ်းချုပ်က ယောက်ျားတစ်ယောက်နဲ့စကားပြောနေတာ သူမတော်တဆကြားခဲ့တာရှိတယ်.. အဲ့ယောက်ျားပြောတာက 'မစိုးရိမ်ပါနဲ့... ကိုယ်သူ့ကိုထိခိုက်အောင်မလုပ်ပါဘူး..မိစ္ဆာတောအုပ်ထဲက အုတ်ဂူထဲဖွက်ထားရုံလေးတင်.. သူ့ကိုလိုတဲ့အချိန်မှ ကိုယ်သူ့ကိုပြန်တူးထုတ်လိုက်မယ်.. အမှန်ပြောရရင် ကိုယ်က မင်းအစား သူ့ကိုသင်ခန်းစာပါ ပေးလိုက်တာလေ' တဲ့...။ အဲ့နောက်မှာ သူတို့ဂိုဏ်းချုပ်က သူ့ကိုဝင်လာခိုင်းတယ်... ဒါပေမဲ့ ရွှေကျူးဟွမ် ဂိုဏ်းချုပ်လက်ထဲမှာ ရွှေဆံထိုးတစ်ချောင်းကိုင်ထားတာကလွဲရင် အခန်းထဲ ဘယ်ယောက်ျားတစ်ယောက်မှ မတွေ့ခဲ့ရဘူး.. သူမှတ်မိသလောက်ဆို အဲ့ဆံထိုးက မြို့သခင်မရန်ရဲ့အကြိုက်ဆုံးဆံထိုးဘဲ.. ရွှေကျူးဟွမ်ဝင်လာတာနဲ့ ဂိုဏ်းချုပ်က အဲ့တာကိုချက်ချင်းပြန်သိမ်းလိုက်တယ်.. ပြီးတော့ အချိန်ကနေစပြီး မြို့သခင်မရန်ကို ဘယ်သူမှ မမြင်တွေ့ရတော့သလို သူ့သတင်းလည်း လုံးဝမကြားကြရတော့ဘူး""ပြောရရင် စစ်ကျဲ့ သူ့ကိုမြေမြှုပ်ထားတာ ဖြစ်နိုင်တာပေါ့"
ယင်ယန် ချက်ချင်းဘဲ ရုန်ယိကို ထိုသတင်းပြန်ပြောပြလိုက်သည်။ရုန်ယိမှာ ယုံတောင်မယုံနိုင်။
"အုတ်ဂူထဲထည့်ဖွက်ထားတယ်... ငါတို့ ဘာသဲလွန်စမှမရတာ အံ့သြစရာမရှိတော့ဘူးဘဲ"သာမန်လူသာဆို အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေရင်သေ မဟုတ်ရင် အခေါင်းထဲ ကြောက်လန့်မှုကြောင့် သေနေလောက်လေပြီ။
"သိပ်တော့မသေချာသေးဘူး"
ယင်ယန်က ပြောလာ၏။"အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ်.. ငါသွားမယ်"
ရုန်ယိ ယင်ကျင်းရဲ့ကိုသွားရှာကာ ရွှေကျူးဟွမ်ကိစ္စကို ပြောပြလိုက်သည်။
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**