ထိုမိုးကြိုးတွေ ရုန်ယိနား နီးကပ်လာတဲ့အခါ စွမ်းအားတစ်စိတ်တစ်ပိုင်းက ဆယ်ချောင်းကျော်တဲ့ဓားတွေစုပ်ယူတာ ခံလိုက်ရပြီး အတော်လေးအားလျော့သွား၏။
ဝုန်း!
မိုးကြိုးက သူ့ကိုယ်ပေါ်ကျလာတဲ့အခါ ရုန်ယိမှာ သူ့ကိုယ်ပေါ် အလေးတုံးကြီးကျလာသလို ခံစားလိုက်ရပြီး အတော်လေး လေးလံကာ နာကျင်သွားရသည်။ ဒူးထောက်ကျမိလုနီးနီးပင်။
တစ်ချိန်တည်းမှာဘဲ ဓားတွေလည်း ပေါက်ကွဲထွက်ကုန်ကာ သတ္တုအပိုင်းအစတွေ ဖြစ်ကုန်သည်။
ချီလန်နဲ့ ပုချီတို့မှာ နောက်ဆက်တွဲမိုးကြိုးတွေနဲ့ ထိမိသွားတဲ့အခါ အပ်ပေါင်းသောင်းချီနဲ့ ထိုးစိုက်ခံလိုက်ရသလိုမျိုး တစ်ကိုယ်လုံး ထုံကာ နာကျင်သွားကြ၏။
"ဒါ.. ဒါ တစ်ကယ်ကြီး လေဟာနယ်သန့်စင်မှုအဆင့်က မိုးကြိုးစမ်းသပ်မှုလား"
သူ ခက်ခက်ခဲခဲထုတ်မေးလိုက်ရသည်။ယင်ကျင်းရဲ့ သူ့ကို အမြန်လှမ်းမေးလာ၏။
"ရှောင်ယိ.. မင်း ဆက်တောင့်ခံနိုင်သေးလား"အကယ်၍ တတ်နိုင်မယ်ဆိုရင် သူသာ ရုန်ယိအစား ဒါတွေကိုခံယူပေးလိုက်ချင်သည်။
ပုချီ မျက်မှောင်ကြုတ်လျက်
"လေဟာနယ်သန့်စင်မှုအဆင့်က မိုးကြိုးစမ်းသပ်မှုက ဘယ်လိုလုပ်အဲ့လောက်တောင် စွမ်းအားကြီးနေရတာလဲ.. ကျုပ်တို့ကိုတောင် ထိခိုက်စေနိုင်တယ်.. ဆရာ ခံနိုင်ရဲ့လား"ချီလန်လည်း မျက်မှောင်တွေကြုတ်နေသည်။ ဒါက တစ်ကယ့်ကို လေဟာနယ်သန့်စင်မှုအဆင့်က မိုးကြိုးစမ်းသပ်မှုမျိုး မဟုတ်ပေ။ ကြည့်ရတာတော့ ခုနကလေးတင် ရုန်ယိက မိုးကြိုးတွေအကုန်လုံးကို ဘေးကင်းကင်းရှောင်နိုင်လိုက်တာကြောင့် အခုတစ်ခေါက် ပိုစွမး်အားကြီးလာတာ ဖြစ်နိုင်သည်။
နောက်လာမယ့်အချက်က ပိုစွမ်းအားကြီးလာမယ်ဆိုတာ တွေးလိုက်မိတဲ့အခါ ရုန်ယိ ချက်ချင်းဘဲ အသက်ပြင်းပြင်းရှူကာ အင်းကွက်အများအပြားထုတ်ယူလိုက်၏။
"ကျွန်တော် ရသေးတယ်.. ခင်ဗျားတို့တွေ ဝေးဝေးဆုတ်နေလိုက်ကြ.. ကျွန်တော့်ကို ကူဖို့မလုပ်နဲ့.. အပြင်ကအကူအညီပါလာရင် ဒီမိုးကြိုးတွေ နောက်ထပ် စွမ်းအားပိုကြီးလာမှာ စိုးရတယ်"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**