ရုန်ယိ ရောက်လာကတည်းကစပြီး အိမ်တော်က ဆောင်းရာသီကနေ နွေဦးရာသီအဖြစ်ပြောင်းလဲသွားကြောင်း အစေခံတွေ တွေ့လာကြရသည်။ အေးစက်စက်ကာလအပိုင်းအခြားပြီးနောက် အရာရာဟာ နွေးထွေးလာခဲ့ပြီး ရယ်မောသံတွေလည်း မကြာခဏ ကြားလာရကာ အိမ်တော်ကြီးတစ်ခုလုံး ယခင်ကလို အသက်မဲ့မနေတော့။ မြို့သခင်ကလည်း စိတ်အခြေအနေမကောင်းတာနဲ့ လူမသတ်တော့သလို သတင်းပို့သူက စကားမှားပြောမိရင်တောင် ဘာမှမလုပ်။ ဘာလို့ဆို သူ့အာရုံအလုံးစုံက ရုန်ယိပေါ်မှာသာ ရှိနေပြီး သတင်းပို့သူရဲ့စကားတွေကတော့ သူ့နားထဲ တစ်လုံးမှမရောက်လိုက်တာကြောင့်ပင်။ တိုတိုပြောရရင်တော့ ရုန်ယိရှိနေသမျှ ကာလပတ္လုံး သူတို့ရဲ့ မြို့သခင်က ပြောရဆိုရလွယ်ကူနေပေလိမ့်မည်။
ရုန်ယိက ယင်ကျင်းရဲ့ကို လေလွင့်မသေမျိုးနဲ့ မြေကမ္ဘာတစ္ဆေ အဆင့်တွေအတွက် မှော်လက်နက်တွေ ဘယ်လိုသန့်စင်ရမယ်ဆိုတဲ့အကြောင်း ရှင်းပြနေပြီး သတင်းပို့သူက ရပ်နေတုန်းကိုတွေ့လိုက်တဲ့အခါ လက်ထဲက ပစ္စည်းတွေကိုချကာ ပြောလိုက်သည်။
"ကလေးတွေအဖေ.. ခင်ဗျားကိစ္စကိုအရင်သွားလုပ်လိုက်လေ. ကျွန်တော် ကလေးတွေနဲ့ မြို့ထဲသွားကြည့်လိုက်ဦးမယ်.. ပြန်လာမှ ဆက်ပြောတော့မယ်"ယင်ကျင်းရဲ့က ထိုသတင်းပို့သူကို တစ်ချက်ကြည့်ကာ
"သူက သတင်းကောင်းလာပို့ရုံတင်.. သန့်စင်တဲ့အကြောင်း ဆက်ပြောကြရအောင်"သတင်းပို့သူ "......"
သူဝင်လာကတည်းက တစ်လုံးမှ မပြောရသေးပါဘူး.. ဟုတ်တယ်မလား။
ရုန်ယိမှာ ယင်ကျင်းရဲ့က သူနဲ့တစ်ခဏလေးတောင်မခွဲချင်တာ တွေ့တဲ့အခါ အတော်လေးကျေနပ်ပျော်ရွှင်သွားရပေမဲ့ သတင်းပို့သူရဲ့ ပုံစံကလည်း အရေးကြီးတင်ပြစရာရှိနေပုံပင်။ ဒါကြောင့် သူ ယင်ကျင်းရဲ့နှုတ်ခမ်းကို တစ်ချက်လှမ်းနမ်းလိုက်ပြီး
"ခင်ဗျား လုပ်စရာရှိတာ အရင်လုပ်လိုက်ပါ"ယင်ကျင်းရဲ့က ရုန်ယိထွက်သွားတာကို အပြုံးလေးနဲ့ လိုက်ကြည့်နေပြီးနောက် ချက်ချင်းဘဲ အခန်းထဲကလေထုက နွေရာသီကနေ ဆောင်းရာသီအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အစောင့်မှာ အော်ငိုချင်လာကာ ရုန်ယိကို ပြန်လာပေးဖို့သွားသာခေါ်လိုက်ချင်ေတာ့၏။

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
أدب تاريخيI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**