ယင်ကျင်းရဲ့နဲ့ရုန်ယိတို့ အခန်းထဲကနေ ချက်ချင်းပြေးထွက်သွားလိုက်ကြပြီးတဲ့အခါ အစောင့်တွေက ဆံပင်အနီရောင်နဲ့လူတစ်ယောက်ကို ဝိုင်းထားတာ တွေ့လိုက်ရသည်။
ယင်သခင်မနဲ့ တစ်ခြားသူတွေလည်း ပြေးထွက်လာကြသည်။
ဆံပင်နီနဲ့လူက အပေါ်ထပ်ကလူတွေကို သတိထားမိသွားကာ မော့ကြည့်လာ၏။
ရုန်ယိမှာ ရင်းလည်းရင်းနှီးနေသလို စိမ်းသက်နေတဲ့ မိစ္ဆာဆန်ဆန်မျက်နှာကို တွေ့လိုက်ရတဲ့အခါ နေရာမှာတင် တောင့်တင်းသွားရသည်။
"ကလေးတွေအဖေ.. သူက ယောင်အာ့ အဖေအရင်းမဟုတ်လား""ဟုတ်တယ်..သူဘဲ"
ယင်ကျင်းရဲ့ အစောင့်တွေကို နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ကျန်းမုရဲ့ကာကွယ်မှုအောက် ရောက်နေတဲ့ ယောင်အာမှာ ခေါင်းလေးတိုးထွက်လာ၏။ ဆံပင်နီနဲ့လူကို တွေ့လိုက်တာနဲ့ မျက်လုံးလေးတွေ တောက်ပသွားကာ
"ဖေဖေ!"ယင်သခင်မနဲ့ကျန်သူတွေမှာ ကြက်သေသေကုန်ကြ၏။
ဆံပင်နီနဲ့လူက ယောင်အာ့အဖေအရင်းလား....ဖုလုရဲ့ ခက်ထန်တဲ့မျက်နှာထက် နူးညံ့သိမ်မွေ့မှုအရိပ်အယောင်ပေါ်လာ၏။ သူ ထိုင်ချလိုက်ကာ ယောင်အာ့ဆီ လက်နှစ်ဖက် ဆန့်ပေးလိုက်သည်။
"ယဲ့အာ.. လာခဲ့"သူ့အစ်ကိုတွေ အဖေနဲ့ဖေဖေတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယောင်အာမှာ ဖုလုရဲ့လက်မောင်းတွေကြား ပစ်ဝင်လိုက်တော့သည်။
"ဖေဖေ...ဖေဖေ..."သူ့သားရဲ့ မျက်နှာရဲရဲလေးနဲ့ ပျော်မြူးနေတဲ့အပြုံးတွေကို ကြည့်ခြင်းဖြင့် သူကောင်းကောင်းနေခဲ့ရတာ သိသာလှသည်။
ဒီနေရာမှာ သူတို့မလိုအပ်တာကြောင့် ယင်သခင်မတို့တွေလည်း ကိုယ့်အခန်းထဲကိုယ်သာ ပြန်ဝင်သွားလိုက်ကြတော့သည်။
ယောင်အာက ပတ်ပတ်လည်ကို လိုက်ကြည့်ပြီး
"မေမေရော..""မေမေက ကျုံးကုနယ်မြေထဲမှာဘဲ ကျန်ခဲ့သေးတယ်.. သူ့ကိုသွားတွေ့ကြမလား"
ယင်စန်စန်တို့တွေမှာ ချက်ချင်းဘဲ ဓားသွားလိုအကြည့်တွေနဲ့ ပစ်ခွင်းလာကြ၏။ ဖုလုက သူတို့ညီလေးကို သူတို့ဆီက လုယူဖို့ကြိုးစားနေသလိုမျိုးပင်။

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**