*211* ငါလှည့်ဖျားခံနေရပြီ

6.2K 1.1K 74
                                    

"အော"
ကျန်းမုက ပါးစပ်ကိုပိတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ ခပ်ရှည်ရှည် ချွန်ထက်နေပြီး ကြမ်းကြုတ်ရက်စက်ဟန်ရှိတဲ့ အစွယ်လေးချောင်းထွက်ပေါ်လာလေသည်။

လိုဂတ်စ်နဲ့ ပါဆီရိုတို့မှာ ကျန်းမုကို အထိတ်တလန့်ကြည့်လိုက်မိကြသည်။ သူ့ရဲ့ချွန်ထက်နေတဲ့အစွယ်တွေကနေတဆင့် ဘယ်လောက်ကြမ်းကြုတ်မယ်ဆိုတာ သူတို့ပြောနိုင်သည်။

ထိုလူနှစ်ယောက် သူ့ကြောင့် အလန့်တကြားဖြစ်သွားတာ မြင်ရတဲ့အခါ ကျန်းမုမှာ တခစ်ခစ်ရယ်မောကာ ချစ်စရာပုံစံလေးပြန်ပြောင်းသွားပြီး ရုန်ယိဘေးနား ပြန်သွားလိုက်၏။

ရုန်ယိ သူ့ရဲ့ခေါင်းသေးသေးလေးကို ပွတ်ပေးကာ လိုဂတ်စ်နဲ့ပါဆီရိုတို့ကို ပြုံးပြလိုက်သည်။

"သူက..  ကျွန်တော်ဆိုလိုတာ ကျန်းမုကလည်း သွေးစုပ်တာလား"
ပါဆီရို တအံ့တသြ မေးလာသည်။

"အင်း.. ဒါပေမယ့် သူ့ရဲ့လက်ရှိ ကျင့်ကြံဆင့်အရဆို သူက လူသွေးထပ်သောက်စရာမလိုတော့ဘူး.. ဒါပေမဲ့ သူက......"
ရုန်ယိ လိုဂတ်စ်ကို အဓိပ္ပါယ်အပြည့်နဲ့ကြည့်လိုက်ကာ
"သူနဲ့ အမျိုးအစားဆင်တူတဲ့ သွေးတွေ.. သူ့ထက်ကျင့်ကြံဆင့်မြင့်တဲ့သူတွေကိုတော့ သူ့ကျင့်ကြံဆင့်တိုးတက်လာအောင် စုပ်ယူလိမ့်မယ်"

လိုဂတ်စ် "....."

ကျန်းမုက အရမ်းအားကြီးမှန်း သူဟိုးအရင်တည်းကသိထားခဲ့ပေမယ့် သူနဲ့အမျိုးအစားအတူတူဘဲလို့တော့ သူမထင်ထားခဲ့ပေ။

"ဖာသာ.. နောက်တောင်ကျနေပြီ"
ရုန်ယိ ပါဆီရိုကိုပြောလိုက်သည်။
"ဒီမှာ ကျွန်တော်တို့ လည်ပတ်စရာ နေရာတွေက အများကြီးကျန်နေသေးတယ်လေ"

"အာ.. လာကြပါ.. ဟိုဘက်ကို သွားကြတာပေါ့"
ပါဆီရိုက ရုန်ယိတို့ကို ရေကန်ဘက် ဦးဆောင်ကာခေါ်သွားလိုက်သည်။ လိုဂတ်စ်လိုက်မလာတာတွေ့မှ ရုန်ယိကို ခပ်တိုးတိုးမေးကြည့်လိုက်၏။
"သခင်လေးရုန်.. သခင်ငယ်လေးကျန်းက တစ်ကယ်ဘဲ လိုဂတ်စ်ရဲ့သွေးကို စုပ်မှာလား"

ရုန်ယိ သူ့ဘာသာရယ်လိုက်မိပြီးမှ ပြန်ဖြေလိုက်သည်။
"ခုနက သူအရမ်း စိတ်ကြီးဝင် ဘဝင်မြင့်နေတာ တွေ့လိုက်လို့ပါ.. ဒါကြောင့် ကျွန်တော် သူ့ကို ခြောက်လိုက်တာ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now