ရုန်ယိမှာ ယင်ကျင်းရဲ့နှင့် ချစ်ကြည်နူးပြီးနောက် ရေပူနဲ့သန့်စင်ရန် ရေချိုးကန်ထဲ ခေါ်ဆောင်သွားခံလိုက်ရသည်။
ယင်ကျင်းရဲ့ရဲ့ သွယ်လျလျလက်ချောင်းတွေက ရုန်ယိရဲ့ နက်မှောင်နေတဲ့ဆံနွယ်ရှည်တွေကြား ခပ်ဖွဖွပွတ်သပ်နေရင်း အက်ရှရှအသံနဲ့ မေးလာ၏။
"ချီလန်ကို ဘယ်လိုထင်လဲ"ရုန်ယိ သူ့ကိုယ်ပေါ် ရေတစ်ခွက်ခပ်လောင်းလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ကမ္ဘာကစကားနဲ့ပြောရမယ်ဆိုရင် သူက ဆိုက်ကိုဘဲ... စိတ်အပြောင်းအလဲကအမြဲမြန်နေပြီး တစ်ခြားလူနားမလည်နိုင်တာတွေဘဲ အမြဲလုပ်တယ်.. ဒါပေမဲ့ သူ့မိသားစုဝင်အကုန်လုံးက ယင်ဟော့ယောင်ကြောင့် သေသွားခဲ့ရပြီး သူ့အမေကလည်း ခင်ဗျားကိုကယ်ဖို့ အသက်ဆုံးရှုံးသွားရတာကို ထောက်ပြီး ကျွန်တော်သူနဲ့ရန်မဖြစ်တော့ပါဘူး... လုံးဝမခံနိုင်တော့ရင်တောင်မှ ကျိန်ဆဲတာလောက်ဘဲလုပ်မယ်.. ပြောရမယ်ဆိုရင် အခုလောလောဆယ် ကျွန်တော်က သူ့ပြိုင်ဖက်လည်းမဟုတ်သေးဘူးလေ.. ကျွန်တော် သူ့ကိုကျော်တက်သွားနိုင်တဲ့အခါကျမှ.. ဟမ့်.. ကြည့်ကြသေးတာပေါ့ သူ ကျွန်တော့်ရှေ့မှာ မြောက်ကြွမြောက်ကြွလုပ်ရဲသေးလားလို့""ဒါဘဲလား"
"ကျွန်တော်က သူနဲ့ အဆက်အဆံမှသိပ်မရှိတာ.. တစ်ခြားဘာရှိရဦးမှာလဲ"
ယင်ကျင်းရဲ့မှာ နှုတ်ခမ်းစွန်းလေးတွေ အသာကွေးတက်သွား၏။
"အကယ်၍ သူဒီလိုပြောခဲ့ရင်ရော.. သူသဘောကျနေတာက..."သူ့စကားမဆုံးခင် ရုန်ယိက သူ့ဘက်လှည့်လာကာ အထိတ်တလန့်နဲ့ ပြောလာသည်။
"သူက ခင်ဗျားကိုသဘောကျနေတာလို့တော့ လာမပြောနဲ့နော်""မဟုတ်ပါဘူး"
ရုန်ယိ စိတ်သက်သာရာရသွားဟန်နဲ့ သက်ပြင်းချကာ
"ကျွန်တော်ထင်လိုက်တာ သူက ခင်ဗျားအပေါ် သူသဘောကျနေတာ ဝန်ခံပြီး သူ့ကိုလက်ထပ်ဖို့ ဖိအားပေးလိုက်တယ်လို့"သူ ဒီလောက်အထိတ်တလန့်ဖြစ်သွားတာ တွေ့လိုက်ရပြီး ယင်ကျင်းရဲ့ နှုတ်ခမ်းစွန်းကအပြုံးလည်း ပိုကြီးမားလာရကာ သူ့မျက်နှာကို အသာဖြစ်ပြီး ပြောလိုက်၏။
"ကိုယ်သူ့ကို လက်မထပ်ပါဘူး"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**