ရုန်ယိ ယင်ကျင်းရဲ့ကို လှမ်းကြည့်လိုက်သည်။
ယင်ကျင်းရဲ့ ပြောလိုက်၏။
"အထဲဝင်ပြီးမှ ပြောကြရအောင်"အကုန်လုံး ယင်သခင်မကြီးခြံဝန်းထဲက ဧည့်ခန်းထဲ ဝင်လိုက်ကြသည်။ ဒေါ်လေးရှန်းက ချက်ချင်း ရုန်ယိကို ငှဲ့ထားပြီးသား လက်ဖက်ရည်ကြမ်းကမ်းပေးကာ ဆိုလာ၏။
"ပြန်လာတာကြိုဆိုပါတယ် ရှောင်ယိ""ကျေးဇူးတင်ပါတယ်"
ရုန်ယိ ထိုင်ချရင်းပြန်ပြောလိုက်သည်။ ပြီးနောက် ယင်ကျင်းရဲ့က ရုန်ယိပျောက်သွားတဲ့ကိစ္စကို အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။"အဲ့တာ ပိုင်ယွမ်ချန် ပေးခဲ့တဲ့ ကျောက်စိမ်းက ကျွန်တော့်ကို ထူးဆန်းတဲ့နေရာတစ်ခုကို ပို့ပေးခဲ့တာ.. ပြီးတော့ နာရီဝက်လောက်ကြာပြီး ကျွန်တော် ပြန်ရောက်လာခဲ့တယ်.. ဒါပေမဲ့ နာရီဝက်လောက်က ဒီမှာတော့ သုံးနှစ်ကြာသွားတယ်လေ"
ယင်သခင်မကြီးမှာ အံ့အားတကြီးဖြစ်လျက်
"ရှောင်ယိ ဒီလိုအဖြစ်အပျက်မျိုးနဲ့ ကြုံခဲ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး.. ဘာဘဲဖြစ်ဖြစ်ပါ မင်းအဆင်ပြေနေသရွေ့ ပြီးတာပါဘဲ.. ဒါ အရေးအကြီးဆုံးဘဲ"ချီလန်က ဒေါသတကြီးနှာမှုတ်ကာ
"ပိုင်ယွမ်ချန်.. ထပ်ပြီး ပိုင်ယွမ်ချန်ဘဲ!.. ငါတို့သူ့ကို ဒီလောက်နှစ်တွေအများကြီး ရှာနေတာတောင် ဘာသဲလွန်စမှ ရမလာသေးဘူး""ငါတို့ သူ့ကိုတွေ့ခဲ့တယ်"
ယင်ကျင်းရဲ့က ခပ်ဖျော့ဖျော့ဆိုလာသည်။
"သိုက်မြို့မှာ"ချီလန် စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်မိ၏။
"မင်းတို့ ဘာလို့ သူ့ကို ပြန်ဖမ်းမလာတာလဲ""သူ့ကျင့်ကြံဆင့်က ငါ့ထက်မြင့်တယ်"
ချီလန် အေးခဲသွားရသည်။
"သူဘဲ!.. ပိုင်ယွမ်ချန်က သူဘဲ ဖြစ်ရမယ်.. မဟုတ်ရင် သူ့ကျင့်ကြံဆင့်က ဒီလောက်ထိ တဟုန်ထိုး မြင့်လာမှာမဟုတ်ဘူး""ငါလည်း သူတို့က တစ်ယောက်တည်းလို့ဘဲထင်တယ်.. နောက်ပြီး သူအနှေးနဲ့အမြန်တော့ လူလုံးထွက်ပြလာဦးမှာဘဲ.. ဒါပေမယ့် သူ့ကို ဖမ်းဖို့ဖြစ်ဖြစ် သတ်ဖို့ဖြစ်ဖြစ် အရမ်းခက်လွန်းတယ်"

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
أدب تاريخيI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**