ရုန်ယိ ပုချီကို ဘေးဖက်ဆီ ဆွဲခေါ်သွားကာ အသံပို့မေးလိုက်၏။
"ခင်ဗျား ကျိုရွှီဂိုဏ်းကိုပြန်သွားတာ ဘာသတင်းတွေ ကြားခဲ့ရသေးလဲ"ပုချီ ပြန်ဖြေလာသည်။
"အဲ့ထက်ပိုတယ်.. ကျွန်တော့်မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ.. ကျွန်တော် ဆရာ့ရဲ့.. အာ.. ဟိုရုန်ယိအရင်နေခဲ့တဲ့အခန်းကို ဧည့်သည်တွေကိုဧည့်ခံတဲ့ လက်ဖက်ရည်ခန်းမအဖြစ်ပြောင်းထားတာ တွေ့ခဲ့ရတယ်.. ပြီးတော့ သူအိပ်တဲ့အိပ်ရာလည်း ဖယ်ရှားခံလိုက်ရပြီ""ခင်ဗျားပြောချင်တာ ဂိုဏ်းချုပ်က လျှို့ဝှက်လမ်းကြောင်းကို ရှာတွေ့သွားပြီးပြီလို့လား"
"လုံးဝမဟုတ်ဘူး.. ကျွန်တော် ဂိုဏ်းသားတွေကို မေးကြည့်ခဲ့သေးတယ်.. သခင်ယင် ကျိုရွှီဂိုဏ်းကို သူ့လူတွေခေါ်သွားပြီးတဲ့အချိန်က သူတို့အကုန် ဂိုဏ်းကိုပြန်လည်တည်ဆောက်ဖို့ အလုပ်ရှုပ်နေကြတာ.. ဂိုဏ်းတွင်းကိစ္စတွေဖြေရှင်းဖို့ လုံးဝအချိန်မရှိဘူး.. တစ်နေ့ ထျန်းရွှီတောင်ထိပ်မှာ အပြင်းအထန်တုန်ခါမှုကြီးဖြစ်သွားပြီး တောင်ထိပ်ပေါ်က အိမ်တွေအကုန် တောင်အောင်ပြုတ်ကျကုန်ကြတယ်.. ဒါကြောင့် သူတို့ ဧည့်ခန်းမကြီးနဲ့ အိမ်တွေကို ပြန်တည်ဆောက်ခဲ့ကြရတယ်.. တပည့်တစ်ယောက်ပြောတာတော့ သူ အဲ့နေ့က ပိုင်ယွမ်ချန်ကို တွေ့လိုက်တယ်တဲ့... ပြီးတော့ ဆရာအဲ့နေ့ကပြုတ်ကျသွားတဲ့ မှောင်မည်းနေတဲ့တွင်းရဲ့ဝင်ပေါက်ကိုရှာဖို့ ကျွန်တော် ရေကန်အောက်ခြေကိုပါ သွားကြည့်ခဲ့သေးတယ်.. ဒါပေမဲ့ ရေကန်အောက်က ဝင်ပေါက်က ပိတ်ဆို့ခံလိုက်ရပြီ.. ကျွန်တော့်အထင်တော့ ဒါပိုင်ယွမ်ချန်ဘဲ ဖြစ်လိမ့်မယ်"
ပုချီက ခဏလောက်တွေးပြီးမှ ထပ်ပြောလာသည်။
"ဟုတ်သားဘဲ.. ရာစုနှစ်အစည်းအဝေးပွဲပြီးတော့ ရုန်လင်းရှုက တုန်ထျန်းမျှော်စင်နဲ့ ရွှမ်းယိခန်းမတို့ကိုသွားပြီး ရုန်ဝေ့ယိ ၊ ပိုင်ယွမ်ချန်နဲ့ ရုန်ယိတို့ရဲ့ သတင်းတွေ သွားစုံစမ်းခဲ့သေးတယ်"ရုန်ယိ "..."
ကြည့်ရတာတော့ ပိုင်ယွမ်ချန်က ထိုနေရာကို ကျိုရွှီဂိုဏ်းကသူတွေ ရှာတွေ့သွားမှာမျိုး မဖြစ်စေချင်ပုံပင်။ ပြီးတော့ သူ ဒီကမ္ဘာနှစ်ခုကြားက ဆက်ကြောင်းကိုသုံးပြီး သူ့မိသားစုဆီ ပါဝင်ပစ္စည်းတွေပို့ပေးဖို့ကလည်း မဖြစ်နိုင်တော့ချေ။

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Narrativa StoricaI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**