*265* သူဘဲ.. သူဆိုတာသေချာတယ်

3.7K 586 23
                                    


ရုန်ယိ ချက်ချင်းဆိုသလို ခေါင်းမော့ကြည့်လိုက်ပေမဲ့ ဘယ်သူမှသူ့ကိုကြည့်နေတာမရှိပေ။

စိတ်ထင်နေတာများလား...

ချီလန်က သူ့ကြည့်တဲ့နေရာကိုလိုက်ကြည့်ကာ မေးလာသည်။

"ဘာတွေကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး"

ရုန်ယိ အသားကိုပါးစပ်ထဲထည့်ဖို့လုပ်တဲ့အချိန် နောက်တစ်ကြိမ်ထပ်ပြီး တစ်ယောက်ယောက်စိုက်ကြည့်နေတာပို ခံစားမိလိုက်ပြန်သည်။

သူလက်ထဲကတူကိုချကာ ပြောလိုက်သည်။

"တစ်ယောက်ယောက် ကျွန်တော့်ကို စိုက်ကြည့်နေသလိုကြီး ခံစားနေရတယ်"

ချီလန် ပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်ပေမဲ့ သူတို့ဘက်ကြည့်နေတဲ့သူ တစ်ယောက်မှမတွေ့ရပေ။

"မင်းအတွေးတွေလွန်ပြီး စိတ်ထင်နေတာနေမှာပါ... စားတဲ့နေရာအာရုံစိုက်  ဒါဆို အဲ့လိုခံစားမိမှာမဟုတ်တော့ဘူး.. စားတော့"

သူရုန်ယိအတွက် နောက်ထပ် ဟင်းနှစ်မျိုး ခပ်ထည့်ပေးလိုက်သည်။

မျက်မှောင်ကြုတ်လျက် ရုန်ယိ ပန်းကန်လုံးထဲကအသားကို တူနဲ့ညှပ်ယူလိုက်သည်။ သူပါးစပ်ထဲထည့်လိုက်ပြီးပြီးချင်းဘဲ အစောကအကြည့်လာတယ်လို့ခံစားမိတဲ့ဘက်ဆီ ချက်ချင်းခေါင်းမော့ကြည့်လိုက်သည်။ ချက်ချင်းလိုလိုဘဲ ရင့်ကျက်တည်ငြိမ်တဲ့အကြည့်တစ်စုံကို ဖမ်းလိုက်မိသည်။

ထိုအကြည့်တစ်စုံရဲ့ပိုင်ရှင်က ဆံပင်တိုတိုနဲ့ ပါးရေတွေတွန့်နေပြီဖြစ်တဲ့ အဘိုးကြီးတစ်ယောက်ဖြစ်လေသည်။ သူက ရုန်ယိကိုပြုံးပြလာပြီးနောက် ဖုမိသားစုခေါင်းဆောင်နဲ့ စကားဆက်ပြောနေလေသည်။

တောက်...

ရုန်ယိလက်ထဲကတူတစ်စုံမှာ မြေပြင်ထက်ပြုတ်ကျသွားရပြီး သူတစ်ဖက်လူကိုသာ ဗလာဖြစ်စွာနဲ့စိုက်ကြည့်နေမိသည်။ သူ့နှလုံးသား အပြင်းအထန်ခုန်ပေါက်နေပုံမှာ သူ့ရဲ့အချိန်အကြာကြီးပျောက်ဆုံးနေတဲ့ချစ်ရသူကို ပြန်မြင်လိုက်ရသလိုမျိုးပင်။

သူ ရုတ်တရက်ထရပ်လိုက်မိသည်။

ရုန်ကျင်းက မေးလာသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now