ဆရာသခင်ချန်အန်းတို့က ဆရာသခင်ရှန်းယရဲ့ အစွမ်းအစလုပ်နိုင်စွမ်းကို သိထားပြီးဖြစ်တာကြောင့် သူတို့အကုန်လုံး ရုန်ယိပေါ်မှာသာ အာရုံစိုက်ထားလိုက်ကြသည်။
ရုန်ယိက ပါဝင်ပစ္စည်း တစ်ခုစီကို တစ်ခဏစီလိုက်ကြည့်နေကာ
" ဘာလို့အကုန်လုံးမှာ အရိပ်တွေအများကြီးဖြစ်နေရတာတုန်း.. အသစ်တွေရော.. ဒါတွေကြည့်ရတာ.. ဖျား ချင်လာပြီ.. လွှတ်ပစ်ချင်လာပြီ"ပုချီက အိမ်တော်ထိန်း အခုလေးတင်ငှဲ့ပေးတဲ့ လက်ဖက်ရည်ခွက်ကိုကောက်ယူကာ ရုန်ယိပါးစပ်ထဲ ထည့်တိုက်လိုက်သည်။
"ဆရာ.. လာ လက်ဖက်ရည်လေး မြန်မြန်သောက်ချလိုက်"လက်ဖက်ရည်သောက်ပြီးနောက် ရုန်ယိ နေရထိုင်ရပိုကောင်းလာသည်။ သူ မီးဖိုအိုးကိုကြည့်ကာ မေးလိုက်သည်။
"ကျွန်တော် ဒီမှာ ဘာထိုင်လုပ်နေတာလဲ"ပုချီ ကူကယ်ရာမဲ့စွာနဲ့ ပြန်ဖြေလိုက်ရသည်။
"ဆရာ မှော်လက်နက်သန့်စင်နေတာလေ"ဆရာသခင်ကျင်သောက်က ခေါင်းခါကာ
"အမူးသမားတစ်ယောက်နဲ့ မပြိုင်သင့်ဘူး"ရုန်ယိ မီးဖိုအိုးကို ဘာအမူအယာမှမရှိဘဲ စိုက်ကြည့်နေကာ လူတိုင်းက သူအိပ်ပျော်တော့မယ်လို့ထင်လိုက်တဲ့အချိန်ကျမှ ကြုံရာ ပါဝင်ပစ္စည်းတစ်ခုကောက်ယူကာ မီးဖိုအိုးထဲ ပစ်ထည့်လိုက်ပြီး တတွတ်တွတ်ရေရွတ်လာသည်။
"ဘိုးဘေးတွေက ပြောခဲ့တယ်.. မှော်လက်နက်သန့်စင်တာဖြစ်စေ မှော်ကိရိယာသန့်စင်တာဖြစ်စေ ဒါမှမဟုတ် ဆေးလုံးသန့်စင်တာဖြစ်စေ အကုန်လုံးက အရမ်းတာဝန်ကြီးတယ်.. ဂရုမစိုက်ဘဲလုပ်လို့မရဘူး.. တစ်စက္ကန့်လေးပိုလို့မရသလို နောက်ကျလို့လည်းမရဘူး.. အချိန်ကို တိတိကျကျတွက်ဆနိုင်မှသာ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေပြုလုပ်နိုင်မှာ""ဘိုးဘေးတွေက ပြောခဲ့သေးတယ်.. မှော်လက်နက်တွေ မှော်ကိရိယာတွေ ဆေးလုံးတွေ သန့်စင်တဲ့နေရာမှာ မတူကွဲပြားတဲ့ ဆန့်ကျင်ဘက်အခြေအနေတွေရှိတတ်တယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဆို တစ်ခုအပေါ်မှာဘဲ သေသေချာချာအာရုံစိုက်ထားသင့်တယ်.. ဒါပေမဲ့ အဲ့လို သန့်စင်ကြတဲ့နေရာမှာလည်း အဆင့်အတိုင်း တသဝေမတိမ်း တင်းတင်းကြပ်ကြပ်လိုက်နာလေ ရလာတဲ့ပစ္စည်းအပေါ် ကျေနပ်မှုနည်းလေဘဲ။ စိတ်ထဲရှိတဲ့အတိုင်း လုပ်မှဘဲ ကိုယ်မျှော်လင့်ထားတဲ့ အောင်မြင်မှုကိုရနိုင်မှာ"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**