ခန်းမထဲမှာ မင်သခင်ကြီး ၊ မင်သခင်မကြီးနဲ့ ကျန်သူတွေ စကားစမြည်ပြောနေကြ၏။ သူတို့အကုန် ပြုံးရွှင်နေကာ ရာစုနှစ်အစည်းအဝေးပွဲကြီးကို မျှော်လင့်စောင့်စားနေကြသည်။
"သခင်လေးရုန်"
ပါဆီရိုက ရုန်ယိတို့ကိုတွေ့လိုက်တာကြောင့် မတ်တပ်ထရပ်ကာ သူတို့ဆီလျှောက်သွားလိုက်သည်။ရုန်ယိ သူ့ကိုလှမ်းကြည့်ကာ နောက်တော့ သူ့နောက်မှာပါလာတဲ့ လိုဂတ်စ်ကိုပါ ကြည့်လိုက်၏။
"ခင်ဗျားတို့လည်း ရာစုနှစ်အစည်းအဝေးပွဲကို တက်ကြမှာလား""အဲ့တာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ကြားလို့လေ.. ငါတို့လည်း လိုက်ကြည့်ချင်လို့.. ဒီလိုမှမဟုတ်ရင် နောက်ထပ် အခွင့်အရေးမရနိုင်လောက်တော့ဘူး"
လိုဂတ်စ်ကပြောလာသည်။ပါဆီရိုက မေးလာ၏။
"ကျွန်တော်တို့ပါအတူလိုက်လို့ စိတ်မရှိဘူးမလား""သေချာပေါက်မရှိဘူးပေါ့"
ရုန်ယိ ပြန်ဖြေလိုက်၏။အဓိကကတော့ ဒီရက်တွေမှာ လိုဂတ်စ်တစ်ယောက် အတော်လေး ငြိမ်ငြိမ်ဆိမ်ဆိမ်နေနေခဲ့တာ တွေ့နေရသည်။ အိမ်တော်ထဲမှာသာနေပြီး အပြင်လည်းထွက်ခဲလှ၏။ အကယ်၍ ထွက်ခဲ့ရင်တောင်မှ သူ့နားမှာ အမြဲ ပါဆီရို ပါနေလေသည်။
ရုန်ယိ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပေမဲ့ ယင်ကျင်းရဲ့ကို မတွေ့ရပေ။
"ကျင်းရဲ့ ဘယ်မှာလဲ"ယင်သခင်မက သူ့ကိုပြောပြလာသည်။
"ပေပနယ်မြေရဲ့ မြို့သခင်တွေအကုန်လုံး ကွေးလင်မြို့မှာဆုံကြပြီး နန်ပိုင်နယ်မြေကိုသွားကြဖို့ အချိန်းအချက်လုပ်ထားကြတယ်လေ.. ရဲ့အာက အခု မြို့တံခါးမှာ သူတို့ကို သွားကြိုနေတယ်.. ငါတို့လည်း အခုစထွက်သင့်ပြီ""ကောင်းပြီ"
ရုန်ယိတို့တွေ ဓားအသီးသီးနဲ့ မြို့တံခါးဘက် ပျံသန်းသွားလိုက်ကြသည်။ ထို့နောက် ကြီးမားတဲ့အဖြူရောင်ဒေါင်းငှက်ပေါ်မှာရပ်နေတဲ့ ယင်ကျင်းရဲ့ကို ရုန်ယိချက်ချင်းကို လှမ်းမြင်လိုက်သည်။ တစ်ကိုယ်လုံးနက်ဆွေးနေတဲ့ဝတ်စုံနဲ့ ယင်ကျင်းရဲ့က ဖြူဖွေးနေတဲ့ဒေါင်းအပေါ်ရပ်နေတဲ့ပုံစံက ရင်သပ်ရှုမောလောက်စရာကောင်းလှပြီး လူအများအပြားရဲ့ အကြည့်တွေကို ဆွဲဆောင်ထားနိုင်လေသည်။

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**