'ထုန်မိသားစုခေါင်းဆောင်'က လျန်ချန်းမြို့မြောက်ပိုင်းက တည်းခိုဆောင်တွေဆီရောက်လာကာ အခန်းတစ်ခန်းရဲ့ပြတင်းပေါက်ကို တွန်းဖွင့်ကာခုန်ဝင်သွားလိုက်ပြီး မျက်နှာပေါ်က အရေပြားတစ်လွှာကိုဖယ်ရှားလိုက်တဲ့အခါ တုနှိုင်းမဲ့အောင်လှပလှတဲ့ မျက်နှာတစ်ခု ထွက်ပေါ်လာတော့၏။ ထိုသူကတော့ ချီမိသားစုသခင်ဖြစ်သူ ချီလန်ပင်။
သူထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက်သောက်ချိန်ခန့် စောင့်ဆိုင်းနေလိုက်ပြီးနောက် နောက်ထပ် အနက်ရောင်ဝတ်စုံနဲ့လူနှစ်ယောက်ပါ ပြတင်းပေါက်ကနေတဆင့် ဝင်ရောက်လာကြပြီး ဝတ်ရုံတွေ မျက်နှာဖုံးတွေ ချွတ်ပစ်လိုက်ကြသည်။
ရုန်ယိ ဒေါသတကြီး ပေါက်ကွဲတော့သည်။
"သေစမ်း!!.. သူ့ကို ထပ်လွတ်သွားပြန်ပြီ!"ချီလန် ရေနွေးကရားကို အပူပေးအင်းကွက်နဲ့ပူအောင်လုပ်လိုက်ပြီး သူတို့အတွက် နှစ်ခွက်ငှဲ့ပေးလိုက်သည်။
"မင်းတို့ သူတို့ကို တားဖို့မလုပ်ကြဘူးလား""လုပ်တယ်.. ဒါပေမဲ့ သူတို့က တည်းခိုဆောင်ရဲ့လျှို့ဝှက်လမ်းကြောင်းကနေ ထွက်ပြေးသွားကြတာ"
ရုန်ယိ ဒေါသထွက်စွာနဲ့ လက်ဖက်ရည်ပူပူကြီးကို တစ်ငုံမော့ချလိုက်တာကြောင့် ချက်ချင်းဘဲ လျှာအပူလောင်သွားတော့သည်။ယင်ကျင်းရဲ့ သူ့ပါးစပ်ကိုဟကာ အမြန်ကြည့်ပေးလိုက်၏။
"အဆင်ပြေရဲ့လား"သူတို့နှစ်ယောက်ရဲ့ ဒီလိုတရင်းတနှီးအပြုအမူတွေကိုတွေ့ရတဲ့အခါ ချီလန်မှာ မျက်မှောင်တွေ ကြုတ်သွားတော့သည်။
"အဆင်ပြေတယ် အဆင်ပြေတယ်"
ရုန်ယိ မေးလိုက်သည်။
"အမေ့ကိုရော ဒီအကြောင်း ပြောပြလိုက်ရမလား"ယင်ကျင်းရဲ့က ပြောလာသည်။
"မနက်ဖြန် မနက်အစောဆိုတာနဲ့ သူအကုန်သိသွားမှာဘဲ"ချီလန် မေးလိုက်၏။
"ထုန်မိသားစုခေါင်းဆောင်က ယင်ဟော့ယောင်မှန်း မင်းတို့ဘယ်လိုလုပ်သိလဲ"သူ ရုန်ယိနဲ့ကျန့်ခူးတို့ တိုက်ခိုက်နေတာကို ကြည့်နေတဲ့အချိန် ယင်ကျင်းရဲ့က သူတို့ ယင်ဟော့ယောင်ကိုရှာတွေ့ပြီဆိုတဲ့အကြောင်း အသံပို့လာကာ သူ့ကိုသတ်ဖို့အစီအစဥ်ကိုပါ ပြောပြလာသည်။ နောက်ဆုံး သူ့ကို မှော်လက်နက်အချို့ အရေပြားမျက်နှာဖုံးနဲ့ ရုပ်သွင်ပြောင်းဆေးရည်အနည်းငယ်ပေးလာခဲ့၏။
![](https://img.wattpad.com/cover/326548876-288-k190725.jpg)
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**