*219* သဝန်တိုနေတာလား

6.7K 925 45
                                    

လူအိုကြီးမှာ နှုတ်ခမ်းတွေစေ့ပိတ်သွားပြီး မသိရင် ငိုချတော့မည့်ပုံပင်။

ယင်ကျင်းရဲ့ "....."

"ဒီကလေးကတော့.."
ယင်သခင်မက ယင်ကျင်းရဲ့လက်မောင်းကို အသာပုတ်လိုက်ကာ
"မင်းအဘိုးက ဘယ်သူက ဘယ်သူဆိုတာတောင် မသိတော့တာ မမြင်ဘူးလား.. သူစိတ်ချမ်းသာအောင် တစ်ခွန်းလောက် လိမ်ပြောပေးလိုက်လို့မရဘူးလား"

ယင်ကျင်းရဲ့ "....."

သူသာ သူ့အဘိုးဆန္ဒကို လက်ခံလိုက်ရင် နောက် သူ့အဘိုးက ငိုပြီး လက်ထပ်ဖို့ပြောလာတော့မှာကို သူသဘောတူလိုက်ရမှာလား။

မင်သခင်ကြီးက ယင်သခင်မကို ဘေးကိုတွန်းဖယ်လိုက်သည်။
"ငါ့အဖေကို မရိုက်နဲ့"

ယင်သခင်မမှာ ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်ရသည်။
"ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. မရိုက်တော့ဘူး.. မရိုက်တော့ဘူးနော်.. အရင်ဆုံး အိမ်ထဲဝင်ကြရအောင်"

မင်သခင်မကြီးက သမီးဖြစ်သူကို မျက်ရည်ဝဲလျက်ပြောလာသည်။
"အစကတော့ မနက်ဖြန်မှလာဖို့ စီစဥ်ထားခဲ့တာ.. ဒါပေမဲ့ သူက တဖြေးဖြေး အားနည်းသထက်နည်းလာတော့ ရုတ်တရက်ကြီး သူထွက်သွားမှာ စိုးတာနဲ့ ဒီကို အမြန်လာလိုက်တာ။ အစောပိုင်းက မင်းနာမည်ကိုဘဲ တောက်လျှောက်ရေရွတ်နေပြီး သူမရှိတော့ရင် မင်းကို ဂရုမစိုက်ပေးနိုင်တော့မှာကို စိတ်ပူနေခဲ့တာ.. ဒါကြောင့် မင်းဆီကိုလာဖို့ သူအလျင်လိုနေတာလေ"

ထို့နောက် အသက်ပြင်းပြင်းရှူကာ ဆက်ပြောလာသည်။
"မင်းအစ်ကိုနဲ့တစ်ခြားသူတွေလည်း နောက်ရက်အနည်းငယ်လောက်ဆို ရောက်လာကြလိမ့်မယ်.. သူတို့လည်း မင်းအဖေကို ကျန်တဲ့အချိန်လေးမှာ အဖော်ပြုပေးချင်ကြတယ်"

ယင်သခင်မက ခေါင်းငြိမ့်လိုက်ကာ
"သမီး စီစဥ်ထားလိုက်ပါ့မယ်"

မင်သခင်ကြီးက အိမ်ထဲဝင်လိုက်တာနဲ့ ကလေးတစ်ယောက်လိုမျိုး ဟိုဟိုဒီဒီလိုက်ကြည့်ကာ
"တန်အာ.. ဒါဘယ်နေရာလဲ"

အနောက်ကလိုက်လာတဲ့ မင်သခင်မကြီးက ပြောလိုက်သည်။
"ဒါ ကွေးလင်မြို့သခင်ရဲ့အိမ်တော်လေ.. ရှင့်သမီးနဲ့ မြေး နေနေတဲ့ နေရာလည်းဟုတ်တယ်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now