ရုန်ယိတစ်ယောက် သူ့အခန်းထဲ ပြန်ရောက်တာနဲ့ ရင်ထဲအသည်းထဲက လှိုက်တက်လာတဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေကို ထပ်ဖိနှိပ်လို့မရတော့ဘဲ ကလေးတစ်ယောက်လို အော်ဟစ်ခုန်ပေါက်နေတော့သည်။
"ဟားဟား.. ငါ စွမ်းအားညီညွတ်မှုအဆင့် အဆင့်၉ တောင်ရောက်သွားပြီကွ!.. ငါ့ကိုအနိုင်ကျင့်နိုင်တဲ့လူတေ် ထပ်နည်းသွားပြန်ပြီ.. ပြီးတော့လည်း အဆင့်မြင့်အင်းကွက်တွေလည်း လုပ်လို့ရပြီ.. ဒါပေမဲ့ အမြင့်ဆုံးမှ အဆင့်၈ အင်းကွက်ဘဲ လုပ်လို့ရသေးတာတော့ နှမြောစရာဘဲ.. အဆင့်၉ အတွက်ကတော့ အနည်းဆုံး မဟာယာနအဆင့် အဆင့်၅ လောက် ရောက်မှဖြစ်မယ်"ထိုအကြောင်းတွေးပြီး အမြန်ဘဲ သူ့ကျင့်ကြံဆင့်ကို စစ်ဆေးလိုက်သည်။
"အကယ်၍ ငါတို့သာ နှစ်ကိုယ်တူကျင့်ကြံခြင်းကို အချိန်တစ်ချို့လောက် လုပ်လိုက်ရင် ငါ မဟာယာနအဆင့်ကို ရောက်လောက်တယ်.. အဆင့်၅ ထိ ရောက်နိုင်ရင်တော့ ပိုကောင်းတယ်.. ဒါဆို ငါ အဆင့်၉ အင်းကွက်တွေ လုပ်လို့ရပြီ.. ဒီလိုဆို လွန်ခဲ့တဲ့သုံးနှစ်ကလိုမျိုး အကြီးအကဲတွေကို သတ်သွားတဲ့သူတွေကို အင်းကွက်မပေးနိုင်ခဲ့တဲ့ ကိစ္စမျိုး ထပ်ဖြစ်လာမှာမဟုတ်တော့ဘူး"ချီသန့်စင်မှုအဆင့်တုန်းက အဆင့်၁ အင်းကွက်သာလုပ်နိုင်ပြီး အခြေတည်အဆင့်ရောက်တော့ အဆင့်၂ အင်းကွက်လုပ်နိုင်ကာ .. ဒီလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သည်။ ပြီးတော့ သူ အဆင့်တစ်ခုရဲ့ အဆင့်၅ကို ရောက်တဲ့အခါ တစ်ဆင့်မြင့်တဲ့အင်းကွက်ကို လုပ်နိုင်ပေမဲ့ အောင်မြင်မှုနှုန်းက မမြင့်ချေ။
နောက်ကနေ ဝင်လာတဲ့ ယင်ကျင်းရဲ့က သူအတော်လေးပျော်ရွှင်နေတာ တွေ့လိုက်ရတာကြောင့် ဘာအသံမှမပြုဘဲ ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်နဲ့အတူ ခုံမှာဝင်ထိုင်ကာ သူ့ကိုသာကြည့်နေပြီး သူ့အပြုအမူတစ်ခုချင်းစီတိုင်းကို စိတ်ထဲ လိုက်မှတ်နေမိသည်။
အိပ်ရာပေါ် လူးလှိမ့်နေပြီးနောက် ရုန်ယိ ထလာကာ သူ့ဘေးနားလာထိုင်၏။
"ကျွန်တော် ကံကြမ္မာစမ်းသပ်မှုအဆင့်မှာဘဲ နေမယ်.. ဒါမှ ကျွန်တော်တို့အတူ ကောင်းကင်ဘုံကို တက်နိုင်မှာ"

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
أدب تاريخيI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**