*263* သူကမင်းနဲ့မသင့်တော်ဘူး

3.4K 531 18
                                    

ထိုစကားကြားတဲ့အခါ ရုန်ယိမှာ အတော်လေး အံ့သြသွားရသည်။ ဆရာတော်က သူ့ကို ဒကာလေးရုန်လို့မခေါ်ဘဲ ရုန်ယိဆိုတဲ့နာမည်ကိုသာ တိုက်ရိုက်ခေါ်ဆိုလာတာကြောင့် ဆရာတော်က သူ့ကိုအတော်လေးရင်းနှီးနေတယ်ဟု ခံစားလိုက်ရသည်။ သူ့ရဲ့ရင်းနှီးကျွမ်းဝင်တဲ့အပြုအမူကြာင့် ရုန်ယိလည်း နေရာတစ်ခုရှာကာ သူ့ဘာသာထိုင်ချလိုက်သည်။
"ကျွန်တော် ဆရာတော့်ကို ပွဲတော်တော်များများမှာ တွေ့ဖူးပါတယ်.. ဒါပေမဲ့ အကုန် အဝေးကနေချည်းဘဲ.. ဒါက ကျွန်တော်တို့ ဒီလောက်နီးတဲ့ ပထမဆုံးအကြိမ်ဘဲ"

ဆရာတော်က သူ့အတွက် လက်ဖက်ရည်ကြမ်းပူပူလေးတစ်ခွက် ငှဲ့ပေးကာ ပြောလာသည်။
"အရင်က ကိုယ်တော်တို့မှာ ရေစက်မရှိခဲ့ဘူး.. ဒါကြောင့် နီးနီးလေးရှိနေခဲ့​ကြရင်တောင်မှ စကားတစ်ခွန်းတောင်ပြောဖို့ အခွင့်အရေးရမှာမဟုတ်ဘူး.. ဒါပေမဲ့ အခုတော့ ကိုယ်တော်တို့ကြားထဲမှာ ရေစက်ရှိလာပြီ.. မင်းက ဟိုးလီပေါင်းထောင်ချီဝေးကွာနေခဲ့ရင်တောင်မှဘဲ ကိုယ်တော့်မှာ မင်းကို ဆင့်ခေါ်နိုင်စွမ်းရှိနေဦးမှာဘဲ.. ပြီးတော့ မင်း ဒီကိုရောက်လာတာက မင်းစိတ်ထဲအခဲမကျေဖြစ်နေတဲ့ ကိစ္စတစ်ခုကြောင့်ဆိုတာလည်း သိသေးတယ်"

လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်လိုက်ပြီးနောက် ရုန်ယိ ပြန်ပြောလိုက်သည်။
"ခင်ဗျားတို့ဘုန်းကြီးတွေကိုလေ ကျွန်တော် တစ်ကယ်နားမလည်နိုင်ဘူး.. ခင်ဗျားတို့က အမြဲတမ်း.. ရေစက်က ဘာဖြစ်တယ် ရေစက်ကညာဖြစ်တယ်နဲ့ဘဲ ပြောနေကြတာ"

ဆရာတော်က အသာရယ်လာသည်။
"ခုနကပြောခဲ့သလိုဘဲလေ.. လီတစ်ထောင်လောက်ဝေးပြီး မွေးဖွားလာခဲ့ရင်တောင်မှ တစ်သားတည်းဖြစ်နေကြတဲ့ဝိညာဥ်တွေက ဆုံကိုဆုံတွေ့ကြရမှာဘဲ.. ရေစက်သာမရှိရင် ကိုယ်တော်လည်း ဒီမှာ မင်းနဲ့မျက်နှာချင်းဆိုင် ဘယ်လိုလုပ်ထိုင်နေနိုင်ပါ့မလဲ.. မင်းနဲ့ မင်းချစ်ရတဲ့လူလိုမျိုးဘဲပေါ့.. ရေစက်သာမရှိခဲ့ရင် ဘယ်လိုလုပ်ပြီးတော့များ ဒီလိုမျိုး အချိန်စက်ဝန်းတွေ ခေတ်တွေကိုဖြတ်သန်းပြီး တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းပြီး ချစ်မိသွားနိုင်မှာလဲ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now