ပိုင်ရှင်းဖေး ကော်ဖီတစ်ငုံသောက်ကြည့်လိုက်ပြီးနောက် အတော်လေးမဆိုးဘူးဘဲဟု တွေးလိုက်သည်။"ငါတို့နှစ်ယောက်လုံးက နစ်နာသူတွေဘဲလေ.. မင်း ငါ့ကို ရန်သူလို့မသတ်မှတ်သင့်ဘူး.. ယင်ဟော့ယောင်သာ ချီမိသားစုကလူတွေကို ခေါ်လာခဲ့ပြီး ငါ့ကိုသတ်ဖို့မကြိုးစားခဲ့ရင် ငါလည်း မင်းမိသားစုကို ထိခိုက်စေခဲ့မှာမဟုတ်ဘူးလေ.. အခု ငါတို့နှစ်ယောက်လုံး ဒီဘက်လောကကိုရောက်လာပြီဆိုမှတော့ အရင်ကကိစ္စတွေ ဘေးဖယ်ထားပြီး ယင်ဟော့ယောင်ကိုရင်ဆိုင်ဖို့ အတူပူးပေါင်းကြတာပေါ့.. ဘယ်လိုသဘောရလဲ"
"အရင်ကကိစ္စတွေကို ဘေးဖယ်ထားရမယ်လား.. ခင်ဗျားက ကျုပ်မိသားစုကို သတ်ခဲ့တာလေ.. ကျုပ်ဒီလိုလုပ်နိုင်မယ်များ ထင်နေတာလား"
ပိုင်ရှင်းဖေး သူ့ကိုမော့ကြည့်လာသည်။
"မင်းငါ့ကိုသတ်ချင်နေတယ်ဆိုရင်တောင်မှ အရင်ဆုံး ယင်ဟော့ယောင်ကိုသတ်သင့်တာ.. ငါတို့က ဒီမှာ အချင်းချင်းတိုက်ခိုက်နေကြရင်.. နောက်ဆုံး ယင်ဟော့ယောင်ကိုရင်ဆိုင်ဖို့စွမ်းအားမရှိတော့ဘဲ ဖြစ်သွားမယ်"ရုန်ချီ အလျှင်အမြန်သံယောင်လိုက်ပြောလိုက်သည်။
"ဟုတ်တယ်..ဟုတ်တယ်.. မင်းတို့ရဲ့ဘုံရန်သူက ယင်ဟော့ယောင်လေ.. အရင်ဆုံး သူ့ကိုဘယ်လိုရှင်းရမလဲဆိုတာ စဥ်းစားတာပိုကောင်းတယ်"ရုန်ကျင်းလည်း လေပြေလေးနဲ့ဝင်ပြောလိုက်၏။
"အခု ဦးစားပေးက မင်းဒဏ်ရာတွေကိုကုသဖို့ဘဲ မဟုတ်ရင် မင်းဘာမှလုပ်နိုင်မှာမဟုတ်ဘူး"သူ့ကိုတစ်ချက်ကြည့်လာပြီးနောက် ချီလန် ရုန်ချီဆီမှကော်ဖီခွက်ယူကာ ထိုင်ချလိုက်တော့သည်။
ရုန်ချီ သူ့ကိုပြောပြလိုက်သည်။
"ဒါ ကော်ဖီလေ"ချီလန် တစ်ငုံသောက်ကြည့်လိုက်၏။ ခါးသက်သက်နှင့် ပြင်းရှရှအရသာက သူ့ပါးစပ်နဲ့သွားတွေကြား ချက်ချင်းပျံ့နှံသွားတော့သည်။ ဒါပထမဆုံးအကြိမ် မြည်းစမ်းဖူးတာဖြစ်ပေမဲ့လည်း တစ်ကယ့်ကိုမဆိုးတဲ့အရသာဘဲဟု အသိအမှတ်ပြုလိုက်မိသည်။
"ကောင်းသားဘဲ"
ရုန်ယိ ထိုင်ချပြီး ပြောလိုက်သည်။
"ဒုတိယအစ်ကို.. ဒီနေ့နေ့လည်ဘက် အစ်ကို့မှာအချိန်ရှိရင် သူတို့ကို အပြင်ခေါ်သွားပေးပြီး ဒီနေရာနဲ့ရင်းနှီးအောင်လုပ်ပေးလိုက်ပါဦး"

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**