အိမ်တော်ထဲက အစေခံတွေက ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့ပြန်လာတာတွေ့တဲ့အခါ သူတို့အကုန် ထူးထူးဆန်းဆန်းအမူအယာတွေဖြစ်ကုန်ပြီး ခေါင်းတွေငုံ့သွားကြ၏။
ရုန်ယိ ကြို့ထိုးကာ ပြောလိုက်သည်။
"အစေခံတွေ ကျွန်တော်တို့ကို ကြည့်နေတဲ့ပုံက အရမ်းထူးဆန်းနေတယ်"ယင်ကျင်းရဲ့လည်း သတိပြုမိသည်။
"ရုန်ယိ.. မင်းပြန်လာပြီပေါ့.. လာ မြန်မြန်!.. ငါ့ကိုမှန်လုပ်ပေးတော့"
ဒေါင်းဖြူက ခေါင်မိုးပေါ်ကနေ ပျံဆင်းလာ၏။ရုန်ယိ မူးနောက်နောက်နဲ့ ခေါင်းငြိမ့်လိုက်သည်။
"မနက်ဖြန်.. မနက်ဖြန် ငါမင်းအတွက် လုပ်ပေးမယ်"ထိုအချိန်မှာ ရှန်းလွီ့နဲ့ပုချီတို့လည်း ကလေးတွေနဲ့အတူ ပြန်ရောက်လာကြသည်။
ယောင်အာက ရှေ့ဆုံးကနေ တခစ်ခစ်ရယ်မောကာ ပြေးဝင်လာ၏။
"ဟားဟား.. ရိုက်လည်းမရိုက်နိုင်ဘူး.. ရိုက်လည်းမရိုက်နိုင်ဘူး.."ယင်ထောင်က သူ့နောက်က လိုက်ဖမ်းနေလေသည်။
ကျန်းမုနဲ့ယင်စန်စန်တို့ကလည်း သူတို့ပြေးတမ်းလိုက်တမ်းကစားနေတာကိုကြည့်ရင်း ပျော်ရွှင်စွာ ရယ်မောနေကြ၏။
ရုန်ယိနဲ့ယင်ကျင်းရဲ့တို့ကို မြင်တဲ့အခါ ရှန်းလွီ့က ပြုံးလိုက်ကာ
"ဆရာ.. ဆရာလည်းပြန်ရောက်နေပြီလား.. ဒီနေ့ အချိန်ကောင်းလေးတွေရှိခဲ့ရဲ့လား"ရုန်ယိ ပြန်ဖြေတော့မဲ့အချိန်မှာ အိမ်တော်ထိန်းက ခန်းမထဲကနေထွက်လာကာ ချောင်းအနည်းငယ်ဟန့်လာ၏။ သူ့ပုံစံက ရှန်းလွီ့ကို မကောင်းတာတစ်ခုခုက စောင့်ကြိုနေတယ်လို့ ပြောနေဟန်ပင်။
ရှန်းလွီ့ နားမလည်နိုင်စွာနဲ့ အိမ်တော်ထိန်းကိုကြည့်လိုက်မိသည်။
ထို့နောက် အခန်းထဲမှ ခပ်သြသြအသံတစ်သံထွက်လာ၏။
"ရှောင်ရှန်း.. မင်းဘယ်သူ့ကို ဆရာလို့ခေါ်နေတာလဲ"ရှန်းလွီ့ အမူအယာမှာ အနည်းငယ်ပြောင်းလဲသွား၏။
အိမ်တော်ထိန်းကတော့ တစ်ခြားသူတွေကိုစောင့်နေဖို့အတွက် ခန်းမထဲကို တိတ်တဆိတ်ပြန်ဝင်သွားလေသည်။
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**