*266* ဒါကျုပ်ဆန္ဒပါ

3.2K 515 31
                                    

"ကျင်းရဲ့..."
ရုန်ယိ အံ့သြစွာ မေးလိုက်မိသည်။
"သူ့နာမည်က ယင်ကျင်းရဲ့လား"

"ပြဿနာရှိလို့လား"

"မရှိပါဘူး"
ရုန်ယိ မျက်လုံးမှေးစင်းကာ သူတို့ဆီလျှောက်လာနေတဲ့ယင်ကျင်းရဲ့ကို ကြည့်လိုက်၏။  သူလူမမှားကြောင်းကိုတော့ သေချာနေဆဲဖြစ်တာကြောင့် ယင်ဟန့်ကိုသာပြုံးပြလိုက်သည်။
"အားဟန့်.. ကျွန်တော် ခင်ဗျားဆီ ထပ်လာခဲ့မယ်"

ယင်ဟန့်မှာ မျက်ခုံးများပင့်လျက် တွေးလိုက်မိသည်။
ဒီကောင်လေးက တစ်ကယ်ယဥ်ကျေးမှုမရှိတာဘဲ.. ငါ့ကို ဒီလိုမျိုးတောင် လာခေါ်နေတယ်..

ယင်ကျင်းရဲ့ ရုန်ယိဆီလျှောက်လာပြီး သူ့ကို တစ်ကိုယ်လုံးအထက်အောက်ကြည့်လာသည်။

"ကြည့်လို့ဝပြီလား.. ဝရင်လည်း သွားတော့မယ်"
သူကြည့်ပြီးခါနီးလောက်မှာ ရုန်ယိလည်း လှည့်ထွက်လာခဲ့ကာ ရုန်ကျင်းတို့ဆီပြန်လာပြီးနောက် အတူတကွ ဆရာတော်ဆီ လာလိုက်ကြ၏။
"ဆရာတော်.. သူက ကျွန်တော်ရှာနေတဲ့လူလား"

ဆရာတော်က ပြုံးပြလာလေသည်။
"မင်းကိုယ့်ဘာသာကိုယ်ဘဲ မေးကြည့်သင့်တယ်"

ရုန်ယိ မျက်လုံးလှည့်လိုက်မိလေသည်။
"ဟုတ်တယ်.. မဟုတ်ဘူးဆိုတာလေး ဖြေပေးဖို့က ဒီလောက်တောင်ခက်ခဲနေလား..ဘာကိစ္စ ဝေ့လည်ကြောင်ပတ်ပြောနေရတာလဲ"

သူ့စကားကြားတဲ့အခါ သူတို့နောက်ကနေလျှောက်လာတဲ့ရုန်သခင်ကြီးက သူ့ခေါင်းနောက်ကို ခေါက်ကာ ပြောလာသည်။
"ဆရာတော်ကို ဘယ်လိုလေသံနဲ့ပြောနေတာလဲ.. ဆရာတော်.. ကျေးဇူးပြုပြီး စိတ်ထဲမထည့်ပါနဲ့ဗျာ.. သူက အမြဲတမ်း ဒီပုံစံဖြစ်နေတာမလို့ပါ.. ဆရာတော့်ကို မရိုမသေလုပ်တာတော့ မဟုတ်ပါဘူး"
ဆရာတော်က ပြန်ပြောလာ၏။

"ကိစ္စမရှိပါဘူး"

ရုန်ယိ မေးလိုက်သည်။
"ဆရာတော်.. ခုနကပြောတာက ဘာအဓိပ္ပါယ်လဲ.. သူက ကျွန်တော်ရှာနေတဲ့လူလို့ ကျွန်တော်ထင်တာနဲ့ သူဘဲပေါ့"

ဆရာတော်က သူ့ကိုပြန်မဖြေဘဲ တစ်ဖက်လှည့်သွားကာ ဖုမိသားစုခေါင်းဆောင်ကို ပြောလိုက်သည်။
"ဒီရက်ပိုင်း ဒကာကြီးကိုဘဲ အလုပ်များစေရတော့မှာဘဲ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now