ရုန်ယိ မထူးခြားနားဘဲ ပြုံးလိုက်သည်။ ရှဲ့ယွီမြို့သခင်သာ ဒီအိမ်တော်တံခါးကနေ ထွက်သွားပြီး သူ့ရဲ့မွမ်းမံထားတဲ့မှော်လက်နက်ကို အသုံးပြုလိုက်တာနဲ့ တစ်ခြားမြို့သခင်တွေအကုန် ဘာတွေဖြစ်ပျက်ခဲ့မှန်း သိသွားကြပေလိမ့်မည်။
ရှဲ့ယွီမြို့သခင်က ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့ကို ရန်သူဖွဲ့ရလောက်အောင်တော့ မရူးမိုက်သေး။ ဘယ်လိုဘဲဖြစ်ဖြစ် အနာဂတ်မှာ သူ မွမ်းမံခြင်းအင်းကွက်တွေ ဝယ်ယူဖို့ လိုအပ်နေသေးသည်။ ဒါကြောင့် သူပြုံးနေတာရပ်လိုက်ပြီး ပြောလိုက်၏။
"နောက်တာပါ... နောက်တာပါ... ကျုပ် ဒီကထွက်သွားတာနဲ့ သူတို့ကို ဒီလာဖို့ သတင်းပေးလိုက်မယ် ကျုပ်ကတိပေးတယ်.. ညီလေး မင်းနာမည်ဘယ်လိုခေါ်လဲ"ရုန်ယိ မဖုံးကွယ်ထား..
"ရုန်ယိ"ရှဲ့ယွီမြို့သခင် နေရာမှာတင်ကြက်သေသေသွားကာ
"မင်းလည်းဘဲ ရုန်ယိလို့ခေါ်တာလား"ရုန်ယိ ခေါင်းငြိမ့်ပြလိုက်သည်။
ရှဲ့ယွီမြို့သခင်က ရယ်မောလာကာ
"ညီလေးရုန်ယိ.. မင်းမှာ ဘယ်လိုအခက်အခဲဘဲရှိရှိ ရှဲ့ယွီမြို့မှာ ကျုပ်ကိုလာရှာလို့ရတယ်။ ကျုပ်တတ်နိုင်တာသာဆိုလို့ကတော့ သေချာပေါက် အကောင်းဆုံးကူညီပေးမယ်"ရုန်ယိ လက်နှစ်ဖက်ဆုပ်ကိုင်ကာ
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ်"မွမ်းမံခြင်းအင်းကွက်တွေ လုပ်နိုင်တဲ့သူဖြစ်ပေမဲ့ ရုန်ယိက မာနကြီးမောက်မာမနေတာကြောင့် ရှဲ့ယွီမြို့သခင်မှာ အတော်လေးကျေနပ်သွားကာ ပြုံးရင်း ပြောလာသည်။
"ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျုပ်သွားပါတော့မယ်""ကျွန်တော်တို့ လိုက်ပို့ပါ့မယ်"
ရုန်ယိ ကြွပါဆိုတဲ့ လက်ဟန်လုပ်ပြလိုက်သည်။ယင်ကျင်းရဲ့လည်း ထရပ်ကာ ရုန်ယိနဲ့အတူ တံခါးဝထိ လိုက်ပို့ပေးလိုက်၏။
ထို့နောက် သူ့ရဲ့သားရဲကိုစီးနင်းကာ ထွက်ခွာသွားတော့သည်။
ယင်ကျင်းရဲ့ ရုန်ယိကို အသံပို့လွှတ်ကာ ပြောလိုက်သည်။
"ကိုယ်တို့ အဲ့လူကို ယုံလို့မရဘူး.. သူ့ကို အသုံးချလို့ဘဲရတယ်"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**