ပိုင်ယွမ်ချန်ရဲ့မျက်နှာထက် ဝမ်းသာပျော်ရွှင်နေသော ခံစားချက်တွေပေါ်လာ၏။
သိပ်မကြာခင်မှာ သူ့နှလုံးသားထဲကသူနဲ့ သူတွေ့ရတော့မည်။ရုန်ယိ အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"အပျော်စောမနေနဲ့ဦး.. လေထဲမှာ ကျင့်ကြံသူတွေအများကြီးရှိသေးတယ်.. ကျွန်တော်သာ ဒီနေရာမှာ မိုးကြိုးစမ်းသပ်မှုခံယူလိုက်ရင် သူတို့တွေကို ထိခိုက်မိသွားမှာ.. ပြီးတော့လည်း စစ်ကျဲ့တို့ ဒီနေရာမှာလုပ်ထားတဲ့အစီအရင်ကိုပါ ဖျက်ဆီးမိသွားနိုင်တယ်""အစီအရင်က အသက်ဝင်နေပြီ..အခုချိန်မှာ နတ်ဘုရားတွေတောင်မှ လာဖျက်ဆီးနိုင်စွမ်းမရှိတော့ဘူး.. တစ်ခြားကျင့်ကြံသူတွေကလည်း အရူးမဟုတ်ဘူး..မိုးကြိုးစမ်းသပ်မှုတိမ်တိုက်တွေ တွေ့နေရမှတော့ ဘာကိစ္စနဲ့ သူတို့သေတွင်းသူတို့တူးကြမလဲ.. မင်းသာ ဒီမှာ အဆင့်တက်နိုင်အောင် ကြိုးစား.. မင်းအဆင့်တက်သွားတာနဲ့ ငါချက်ချင်း မြေအောက်ကမ္ဘာရဲ့ဝင်ပေါက်ကို ဖွင့်လိုက်တော့မယ်"
ရုန်ယိစားလိုက်ရတဲ့ဆေးလုံးက အတော်လေးအလုပ်ဖြစ်လှ၏။ ဝိညာဥ်စွမ်းအားတွေက ရုန်ယိရဲ့တန်ထျန်းထဲ ဆက်တိုက်စီးဝင်နေကာ ရုန်ယိတောင်မှ ဖိနှိပ်ထားလို့မရနိုင်အောင်ဖြစ်လာရသည်။
ရုန်ယိနှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ကျွန်တော် မလုပ်ခင်.. ခင်ဗျားကို နောက်ဆုံးမေးခွန်းနှစ်ခု မေးချင်တယ်.. ခင်ဗျားရဲ့ကျောက်စိမ်းပြားက ဘာလို့ ကျွန်တော့်ကို အနာဂတ်ကမ္ဘာကို ပြန်ပို့ပေးနိုင်တာလဲ""အဲ့တာ ငါ့မိသားစုရဲ့အမွေအနှစ်ကျောက်စိမ်းပြား.. လူတစ်ယောက်ရဲ့ဝိညာဥ်နဲ့ခန္ဓာကိုယ် ထိခိုက်ပျက်စီးမှာကနေ ကာကွယ်ပေးနိုင်တယ်.. အန္တရာယ်ထဲကျနေတဲ့အချိန် ဘေးကင်းတဲ့နေရာကိုပို့ပေးတယ်.. အန္တရာယ်ကင်းသွားပြီဆိုမှ နဂိုနေရာကို ပြန်ပို့ပေးတာ.. မင်းနဲ့ရုန်ယိတို့ အန္တရာယ်နဲ့တွေ့တဲ့အချိန်မှာ ကျောက်စိမ်းပြားက သူ့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ပေးပြီး မင်းရဲ့ဝိညာဥ်ကိုကျတော့ အန္တရာယ်အကင်းဆုံးနေရာကိုပို့ပေးလိုက်တာ.. ဒါပေမဲ့ မင်းကို အနာဂတ်ကမ္ဘာကို တစ်ကယ်ပြန်ပို့လိုက်တာမဟုတ်ဘူး.. နောက်ဆုံး မင်း ဒီဘက်ကို ပြန်ရောက်လာခဲ့တယ်မလား"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**