*217* လက်ထပ်ပွဲရွှေ့ဆိုင်းခြင်း

5.6K 903 18
                                    

ရုန်ယိ စိတ်ဝိညာဥ်အသီးတစ်လုံးလုံးစားပြီးမှ သူ့ကိုပြန်ဖြေလိုက်သည်။
"ကျွန်တော် လိုဂတ်စ်တို့လို မျိုးနွယ်တွေကို တိုက်ခိုက်တဲ့လူတွေ မြင်ဖူးတယ်.. အဲ့မျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖို့ သူတို့တွေက လက်ဝါးကပ်တိုင်တွေ ကြက်သွန်ဖြူတွေ သုံးကြတယ်လေ"

ပါဆီရို အစောတလျင်နဲ့ မေးလာသည်။
"လိုဂတ်စ်တို့ မျိုးနွယ်စုကို ဘယ်မှာတွေ့ခဲ့တာလဲ.. ပြီးတော့ မင်းတွေ့ခဲ့တာက လိုဂတ်စ်တို့မျိုးနွယ်ပါလို့ ဘယ်လိုသိတာလဲ"

"ကျွန်တော်တို့ တစ်ယောက်တစ်လှည့် မေးခွန်းမေးတာ မမျှတဘူးလား"

ပါဆိ်ရို တစ်ခဏလောက်တောင့်သွားကာ ပြီးမှ ခေါင်းငြိမ့်ပြလာသည်။
"သခင်လေးရုန်.. သခင်လေး မေးချင်တာ ဘာမဆိုမေးလို့ရပါတယ်.. ကျွန်တော်သိတဲ့ကိစ္စဆိုရင် အသေးစိတ်ပြောပြပါ့မယ်"

ရုန်ယိ အဓိကအချက်ကို တန်းသွားလိုက်သည်။
"ကျွန်တော် သိသလောက်ဆိုရင် ခင်ဗျားနဲ့ လိုဂတ်စ်တို့လို ရွှေအိုရောင်ဆံပင်တွေ မျက်လုံးစိမ်းစိမ်းတွေနဲ့ သွေးသန့်ဗန်ပိုင်းယားမျိုးနွယ်က ဒီကျင့်ကြံရေးလောကမှာ မရှိပါဘူး.. ဒါဆို ခင်ဗျားတို့က ဒီကိုဘယ်လို ရောက်လာတာလဲ"

"ကျွန်တော်တို့လည်းမသိဘူး"
ပါဆီရိုက တစ်ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလာသည်။
"ကျွန်တော် လိုဂတ်စ်နောက်ကို လိုက်ဖမ်းနေခဲ့တာ.. ကျွန်တော်တို့နှစ်ယောက် တိုက်ခိုက်နေတဲ့အချိန် ကောင်းကင်မှာ အက်ကွဲကြောင်းကြီး ရုတ်တရက်ပေါ်လာပြီး အကြောင်းအရင်းမသိရဘဲ ကျွန်တော်တို့ အထဲကို ဆွဲစုပ်ခံလိုက်ရတာ.. အဲ့တုန်းက တစ်ယောက်ယောက် မန္တန်ရွတ်ဆိုတာမျိုး ကြားလိုက်ရသလိုဘဲ... ကြည့်ရတာ အဲ့အက်ကွဲကြောင်းကို တစ်ယောက်ယောက်ဖွင့်လိုက်တာ ဖြစ်ပုံရတယ်"

ရုန်ယိ မျက်မှောင်ကြုတ်သွား၏။
"တစ်ယောက်ယောက် မန္တန်ရွတ်ဆိုတာလား.."

ပါဆီရိုက ခေါင်းငြိမ့်ကာ
"ကျွန်တော်တို့ နိုးလာတဲ့အချိန်မှာ ကွေးလင်မြို့ကိုရောက်နေပြီး ကျွန်တော်တို့နဲ့ မတူကွဲပြားနေတဲ့လူတွေရယ် ကျွန်တော်တို့နဲ့မတူတဲ့ မန္တန်တွေသုံးနေတာတွေ တွေ့ခဲ့ကြတယ်... ပြီးတော့ အခုလောလောဆယ် ကျွန်တော်တို့ကမ္ဘာကို ဘယ်လိုပြန်ရမလဲ ရှာနေခဲ့ကြတာ.. ဒါကြောင့် မင်းက လိုဂတ်စ်ကို ဘယ်လိုနှိမ်နင်းရမလဲသိနေတာ တွေ့တော့ ဘယ်လိုပြန်ရမလဲ မင်းသိရမယ်ဆိုပြီး တွေးလိုက်မိတာ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now