ရုန်ယိ စားပွဲထက်က ယင်ဟန့်ရဲ့လက်ကိုကိုင်ကာ အလေးအနက်နဲ့ပြောလိုက်သည်။
"ဒီလောက်သိသာအောင် ကျွန်တော် ဖော်ပြပြီးပြီဟာကို.. ခင်ဗျားမမြင်သေးဘူးလား"ယင်ဟန့် "..."
ယင်ကျင်းရဲ့ "..."
ဘာလို့ သူ့အဘိုးက မဟားတရားလုပ်ခံနေရတယ်လို့ ခံစားနေရပါလိမ့်...ယင်ဟန့်က မျက်နှာမည်းမှောင်သွားကာ ပြောလာသည်။
"အတင့်ရဲလိုက်တာ!.. ငါ့လက်ကိုလွှတ်စမ်း!""ဟင့်အင်း"
ရုန်ယိပြောရင်းနဲ့ ပိုတောင်ခပ်တင်းတင်းဆုပ်ကိုင်လိုက်၏။"လာကြစမ်း..."
"မင်းတို့သခင်ကြီးကို ငါ့ဆီခဏလောက်ငှားလိုက်..ဒီညကျရင် သူ့ကို ဘာမှမထိမခိုက်စေရဘဲ ပြန်ပို့ပေးမယ်"
သူတို့လူတွေ သူ့ဆီပြေးဝင်လာတာကြောင့် ရုန်ယိ သူ့ကိုကောက်မကာ ဓားချီတွေသုံးပြီး ထိုလူတွေကို နောက်သို့ပြန်ဆုတ်စေလိုက်၏။ ထို့နောက် ဖုမိသားစုအိမ်တော်ထဲကနေ အမြန်ဆုံးအရှိန်နဲ့ပြေးထွက်သွားကာ ကားထဲဝင်ပြီး မောင်းထွက်သွားတော့သည်။ယင်ဟန့်ရဲ့မျက်လုံးတွေထဲ အံ့အားသင့်မှုတွေဖြတ်ပြေးသွား၏။
"မင်း တစ်ကယ် နှစ်ဆယ့်ငါးနှစ်ဘဲရှိသေးတာလား.. ဒီအသက်လေးနဲ့ မင်းရဲ့ကျင့်ကြံဆင့်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင်မြင့်နေရတာလဲ"သူ ဘယ်လိုလုပ်ပြီး လေဟာနယ်သန့်စင်မှုအဆင့်က သူ့လူတွေကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တာလဲ..
"ခင်ဗျား ကျွန်တော့်အကြောင်း စုံစမ်းပြီးပြီပေါ့"
ရုန်ယိ ပြုံးစိစိဖြစ်သွားသည်။
"ပြောရရင် ကျွန်တော့်ကို ခင်ဗျားရင်ထဲထည့်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ဘဲပေါ့လေ"ယင်ဟန့်က နှာခေါင်းတစ်ချက်ရှုံ့ကာ
"ရုတ်တရက်ကြီး ငါ့ဆီချည်းကပ်လာတဲ့ လူတစ်ယောက်အကြောင်းကို ငါကမစုံစမ်းသင့်ဘူးလား""ရွှေစစ်ရင် မီးမကြောက်ဘူး.. ကျွန်တော်က လူကောင်း.. ခင်ဗျားစုံစမ်းတာကို မကြောက်ပါဘူး.. ဒါနဲ့ ခင်ဗျား ကျွန်တော့်အကြောင်းတွေအကုန်လုံး စုံစမ်းခဲ့တာလား"
အပြုံးလေးနဲ့ ရုန်ယိ ဆက်ပြောလိုက်၏။
"ဥပမာပြောရရင် လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်လုံးလုံး ကျွန်တော့်မှာ ကောင်မလေးရော ကောင်လေးရော မထားဖူးတာမျိုး.. ကျွန်တော်က ဘယ်သူနဲ့မှ လက်ချင်းတောင်မကိုင်ဖူးဘူးဆိုတာမျိုးလေ"

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
أدب تاريخيI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**