ရုန်ယိ သူ့ကျင့်ကြံဆင့် တည်ငြိမ်သွားအောင် ငါးရက်လောက်အချိန်ယူလိုက်ရသည်ည်။ ပြီးနောက် ယင်ကျင်းရဲ့ ပုချီတို့နဲ့အတူ လေလွင့်မသေမျိုးနဲ့ မြေကမ္ဘာအဆင့် မှော်လက်နက်တွေ ပြုလုပ်ကြသည်။
လေလွင့်မသေမျိုးအဆင့် မှော်လက်နက် ပြုလုပ်အောင်မြင်သွားတဲ့အခိုက်အတန့်မှာတော့ ရှားပါးရတနာတစ္ခု ရရှိလိုက်သလိုမျိုး မျက်စိကျိန်းလောက်စရာ ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့၏။ အိမ်တော်တစ်ခုလုံး နတ်ဘုရားရောင်ဝါတွေပြည့်နှက်သွားပြီး အပြင်ဘက်က တစ္ဆေကျင့်ကြံသူတွေတောင်မှ မြင်တွေ့ကြရသည်။
တစ်ချို့သူတွေမှာ တံတွေးမျိုချမိလိုက်ရင်း မနာလိုအားကျကြရသည်။ အကယ်၍ သူတို့သာ လုံလောက်အောင်စွမ်းအားကြီးနေခဲ့ရင် ထိုအရာကို သူတို့အပိုင်ရအောင် သွားလုယူမိကြမှာပင်။
ယင်ကျင်းရဲ့က သူ့အတွက်ရော ကျန်းမုအတွက်ပါ လက်နက်တွေသန့်စင်ပြုလုပ်ပြီးမှသာ သူ့ဝိညာဉ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ရုန်ယိကမ်းပေးတဲ့ စိတ်ဝိညာဉ်လက်ဖက်ရည်ကိုယူကာ တစ်ငုံသောက်လိုက်၏။
ပုချီ စားပွဲပေါ်က သိပ်သည်းတဲ့ဝိညာဉ်စွမ်းအားတွေဖြာထွက်နေတဲ့ မှော်လက်နက်တွေကိုကြည့်ရင်း မျက်လုံးတွေ တစ်လက်လက်တောက်ပနေ၏။
"ဒါတွေက တစ်ကယ့်နတ်ဘုရားလက်နက်တွေထက်တောင် ပိုစွမ်းအားကြီးမယ်လို့ ပြောရဲတယ်"ရုန်ယိ သူ့ကိုမေးလိုက်သည်။
"ခင်ဗျားက နတ်ဘုရားတွေရဲ့မှော်လက်နက်ကို တွေ့ဖူးလို့လား"ပုချီ ခေါင်းခါပြလာသည်။
"မတွေ့ဖူးဘူး.. မတွေ့ဖူးဘဲနဲ့ ဒါတွေက အဲ့တာတွေထက် ပိုကောင်းတယ်ဆိုတာ ခင်ဗျား ဘယ္လိုသိလဲ"
ပုချီက အားကျစွာပြောလာသည်။
"သူတို့ဆီက ထြက္လာတဲ့ အရှိန်အဝါတစ်ခုတည်းကတောင် ကျွန်တော့်လို မဟာယာနကျင့်ကြံသူကို ကျောချမ်းစေတဲ့ဟာ.. အကယ်၍ အဲ့တာတွေကိုသာ အသက်သွင်းလိုက်မယ်ဆိုရင် သူတို့ရဲ့စွမ်းအားက နယ်မြေကြီးခြောက်ခုလုံးကို တုန်လှုပ်သွားစေနိုင်မှာဘဲ.. ဆရာရော သူတို့ဘယ်လောက်တောင်စွမ်းအားကြီးလဲ ခံစားနိုင်တယ်မလား"
![](https://img.wattpad.com/cover/326548876-288-k190725.jpg)
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**