*255* ချန်ထားရစ်ခဲ့ခြင်း(၃)

2.6K 425 14
                                    

ယင်ကျင်းရဲ့က ယင်ဟော့ယောင်နောက်ကို လိုက်ဖမ်းနေတဲ့အချိန် ပိုင်ယွမ်ချန်က ရုန်ယိကို ဓားပျံပေါ်တင်ခေါ်ကာ ဝင်ချွမ်မြို့သို့ ပျံသန်းသွားနေလေပြီ။

သူ့နောက်မှာရပ်နေတဲ့ ရုန်ယိမှာ သူပေးတဲ့ဆေးလုံးသောက်ပြီးနောက် တစ်ကိုယ်လုံးပူတက်လာပြီး သူ့ဝိညာဥ်စွမ်းအားတွေမှာလည်း အရူးအမူးထိုးတက်လာတော့သည်။ ထိုအခိုက်၌ တစ်ခြားကျင့်ကြံသူတွေလိုဘဲ ဝိညာဥ်စွမ်းအားတွေလည်း ဆုံးရှုံးနေသေးပေမဲ့ ထိုးတက်လာတဲ့ဝိညာဥ်စွမ်းအားက ဆုံးရှုံးသွားတာထက် အများကြီးများနေလေသည်။

"ပိုင်ယွမ်ချန်... ခင်ဗျား ကျွန်တော့်ကို ဘာကျွေးလိုက်တာလဲ"
ပိုင်ယွမ်ချန်ရဲ့နောက်ကျောကို စိုက်ကြည့်ရင်း ရုန်ယိ နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို မဟာယာနအဆင့်ကို တက်ပြီး ခင်ဗျားကိစ္စကို လုပ်ပေးစေချင်နေတာလား..  ခင်ဗျား တစ်ကယ်ဘဲ ဘာလုပ်ချင်နေတာလဲ"

ပိုင်ယွမ်ချန်က တစ်ခွန်းမှပြန်ပြောမလာ။

"ကျွန်တော်က ခင်ဗျားကိုကူဖို့တောင် ပြင်ဆင်ပြီးနေပြီလေ.. ဒါတောင် ခင်ဗျားမှာ ကျွန်တော့်ကို ဖုံးကွယ်ထားရမဲ့ကိစ္စ ရှိနေသေးတာလား"

ပိုင်ယွမ်ချန်က အေးဆေးစွာနဲ့ပြန်ပြောလာသည်။
"ငါ မြေအောက်ကမ္ဘာရဲ့ဝင်ပေါက်ကိုဖွင့်ဖို့နဲ့ တစ်ခြားကမ္ဘာဆီ သွားနိုင်ဖို့ မင်းရဲ့အကူအညီလိုတယ်"

ရုန်ယိ သူ့ကိုမယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။
"ခင်ဗျားက မြေအောက်ကမ္ဘာရဲ့ဝင်ပေါက်ကို ဖွင့်ချင်နေတာလား.. ဘာလုပ်မလို့လဲ.. တစ္ဆေဝိညာဥ်တွေကို လွှတ်ပေးမလို့လား"

"ငါ့ရဲ့ ဝိညာဥ်တစ်မျှင်ကို ပြန်ယူမလို့"

"အဲ့တာက ဘယ်လိုလုပ် မြေအောက်ကမ္ဘာကို ရောက်သွားရတာလဲ"

"အဲ့တာက လွန်ခဲ့တဲ့နှစ်ခြောက်ရာကျော်က ဖြစ်ခဲ့တာ.. အဲ့နှစ်က အထက်ဘုံကိုတက်လှမ်းချင်နေတဲ့ ယင်ဟော့ယောင်က အဆင့်တက်တဲ့အချိန် ကျရှုံးတာ ဒါမှမဟုတ် ဘာမဟုတ်တဲ့ မသေမျိုးတစ်ယောက်ဖြစ်လာမှာမျိုး မဖြစ်စေချင်ခဲ့တာကြောင့် သူငါ့အပေါ် မျက်စိကျသွားခဲ့တယ်.. ဘာလို့ဆို ငါက ပိုင်ကျဲ့နတ်ဘုရားသားရဲနဲ့ ဇာမဏီတို့ရဲ့ သားဖြစ်နေလို့ဘဲ..သူငါ့ရဲ့ ဝိညာဥ်စွမ်းအားနဲ့ အမြုတေကိုရတာနဲ့ အထက်ဘုံကို ချောချောမွေ့မွေ့တက်လှမ်းနိုင်သွားမှာဘဲ..ဒါမှမဟုတ် ထိုက်ယိကျင်းမသေမျိုးနတ်ဘုရား.. ထိုက်ယိရွှမ်မသေမျိုးနတ်ဘုရားအဆင့်ထိတောင် တိုက်ရိုက်အဆင့်တက်သွားနိုင်တယ်လေ.. ဒါကြောင့် ငါ အဆင့်ချိုးဖြတ်ဖို့ တရားထိုင်နေတဲ့အချိန်မှာ သူက မဟာယာနအဆင့်ကျင့်ကြံသူတစ်စုကို ခေါ်လာပြီး ငါ့ကို အလစ်ဝင်တိုက်ခိုက်ခဲ့တယ်.. အဲ့တုန်းက ငါ့ခန္ဓာကိုယ်ကို အပိုင်စီးခံလိုက်ရပြီး သေလုနီးပါးဘဲ"
ပြန်ပြောပြနေတဲ့အချိန်မှာတောင် ပိုင်ယွမ်ချန်မှာ ဒေါသထွက်နေသေးပုံရ၏။
"ကံကောင်းလို့ ငါလွတ်မြောက်လာတယ်.. ဒါပေမဲ့ ယင်ဟော့ယောင်က အဲ့နောက်ပိုင်းမှာလည်း ငါ့ကိုအလွတ်မပေးဘဲ ပေပနယ်မြေက ဝမ်ချွမ်မြို့ရောက်တဲ့အထိ ငါ့ကို တောက်လျှောက်လိုက်ဖမ်းနေခဲ့တာ..မင်းနဲ့ ယင်ကျင်းရဲ့တို့ ဝမ်ချွမ်မြို့ကို ရောက်ဖူးပြီးသားဘဲ.. အဲ့မှာ ညစဥ်ညတိုင်း မရေမတွက်နိုင်တဲ့ဝိညာဥ်တွေက အဲ့အပေါက်ကြီးထဲ ဝင်သွားကြတာ မင်းတို့သိမှာပါ..အဲ့တာ မြေအောက်ကမ္ဘာကို ဦးတည်နေတဲ့လမ်းကြောင်းဘဲ။ အဲ့နှစ်က ငါဝမ်ချွမ်မြို့ကို လွတ်မြောက်လာတဲ့အချိန်က တိုက်တိုက်ဆိုင်ဆိုင်ဘဲ ညဘက်ဖြစ်နေခဲ့ပြီး တစ္ဆေဂိတ်တံခါးက ဖွင့်နေပြီ.. အဲ့တုန်းက ငါကလည်း ဒဏ်ရာအပြင်းအထန်ရထားတာမလို့ ငါ့ဝိညာဥ်တစ်မျှင်က အဲ့ထဲကိုဆွဲစုပ်ခံလိုက်ရတယ်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now