နေက အနောက်ယွန်းယွန်းသို့ ရွေ့လျားသွားချိန်မှာ လျန်ချန်းမြို့တစ်မြို့လုံး ရွှေအိုရောင်ဖျော့ဖျော့တစ်လွှာ ဖုံးအုပ်လာ၏။
မြို့ထဲမှာ ယှဥ်ပြိုင်နေကြတဲ့သူတွေလည်းဘဲ နောက်ထပ် ပစ်မှတ်ရှာဖွေတာ ရပ်လိုက်ကြပြီး တဖြေးဖြေးလူအုပ်ကွဲသွားကြကာ ကိုယ့်နေရာကိုယ် ပြန်သွားကြတော့သည်။ တစ်ချို့ကပြုံးနေကာ တစ်ချို့က စိတ်မကောင်းဖြစ်နေပုံရပြီး တစ်ချို့ကလည်း စစနောက်နောက်နဲ့ သူတို့ ဒီနေ့တွေ့မြင်ခဲ့ကြတာတွေကို ဆွေးနွေးပြောဆိုနေကြလေသည်။
သူတို့စိတ်အဝင်စားဆုံးကတော့ သေချာပေါက်ကို မွမ်းမံခြင်းအင်းကွက်တွေပင်။ အထူးသဖြင့်တော့ ထုန်မိသားစုကအရေးပါသူတွေနဲ့ လျန်မိသားစုကသူတွေ သူတို့ရထားတဲ့ အင်းကွက်အချို့ကို ထုတ်လာကြချိန်မှာဖြစ်၏။ အခွင့်အရေးသာရခဲ့ရင် သူတို့လည်း ပိုမိုများပြားတဲ့ မွမ်းမံခြင်းအင်းကွက်တွေကို လိုချင်ကြသည်။ ရုန်ယိ သူတို့အတွက်လုပ်ပေးဖို့ ပြင်းပြင်းပြပြကို ဆုတောင်းမိနေကြလေသည်။
"သခင်ကြီး.. ကျုပ်တို့လူတွေ ပြန်ရောက်လာပါပြီ..သူတို့ပြောတာတော့ ရုန်ယိက အစည်းအဝေးပွဲ မပြီးမချင်း အင်းကွက်တွေကို လုံးဝမရောင်းသေးပါဘူးတဲ့"
အကြီးအကဲတစ်ယောက်က တင်ပြလာသည်။မိသားစုခေါင်းဆောင်က အသံသြသြနဲ့ ပြန်ပြောလာသည်။
"တစ်ယောက်ယောက်လွှတ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်.. သူအင်းကွက်တွေစရောင်းတာနဲ့ ငါတို့...."သူ့စကားမဆုံးသေးခင်မှာဘဲ အနက်ရောင်ဝတ်ရုံ နဲ့ မျက်နှာဖုံးဝတ်ဆင်ထားတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်က သူတို့ရှေ့ကိုရောက်လာကာ ရုတ်တရက် တစ္ဆေသတ်ဖြတ်ခြင်းမန္တန်ကို သုံးကာတိုက်ခိုက်လာ၏။ ထို့နောက် မရေမတွက်နိုင်တဲ့တစ္တေတွေက မှောင်ရီဖျိုးဖျနှင့် မှုန်မှိုင်းနေမှုတွေထဲကနေ နိုးထလာကြပြီး သူတို့ဆီ တည့်တည့်ပြေးဝင်လာတော့သည်။
အကြီးအကဲမှာ အံ့သြသွားကာ ချက်ချင်းဘဲ မိသားစုခေါင်းဆောင်ရှေ့ကနေ ကာရပ်လိုက်ပြီး အော်ပြောလိုက်သည်။
"ဘယ်သူလဲကွ! ငါတို့မိသားစုခေါင်ဆောင်ကို ဘယ်လိုတောင် ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ရဲ.... အ့.. ဖူး!"

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**