*208* ချိုမြိန်တဲ့မိသားစုအချိန်လေး

8K 1.2K 68
                                    

ရှန်းလွီ့နဲ့ဒေါင်းဖြူတို့ ရုန်ယိအခန်းရဲ့ ပြတင်းပေါက်နားသွားကာ အထဲကို တစ်ချက်ကြည့်လိုက်သည်။ ယင်ကျင်းရဲ့လည်းဘဲ မူးနေကာ အိပ်ရာထဲမှာ ရုန်ယိကို သူ့လက်မောင်းကြားဖက်ထားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကြ၏။ အိပ်ရာဘေးက ကလေးလေးယောက် ဘယ်လောက်ဘဲ ဆူညံအော်ဟစ်နေပါစေ သူတို့ရဲ့ အိပ်မက်ကောင်းလေးတွေကို မနှောင့်ယှက်နိုင်။ ဒီမြင်ကွင်းက ကြည့်ရတာ အရမ်းနွေးထွေးသလို သဟဇာတလည်းဖြစ်လှတာကြောင့် သူတို့မှာ သွားမနှောင့်ယှက်ရက်ပေ။

ဒေါင်းဖြူက ပြောလာသည်။
"ငါ ကျင်းရဲ့နားမှာ နှစ်ရာချီနေခဲ့တာ.. ဒါပေမဲ့ သူ မူးတာ တစ်ခါမှမတွေ့ဖူးဘူး"

"သူ ဒီလိုသောက်တာ အရမ်းပျော်နေလို့ဘဲ နေမှာ.. သူတို့ ကောင်းကောင်းအိပ်ကြပါစေ.. သူတို့နိုးမှဘဲ ပြန်လာကြတာပေါ့"

ယင်ကျင်းရဲ့နဲ့ ရုန်ယိတို့နှစ်ယောက်သားမှာ လုံးဝမနိုးဘဲ နှစ်ရက်နဲ့နှစ်ညလုံးလုံး အိပ်ပျော်သွားကြပြီး တတိယမြောက်နေ့မနက်ကျမှ နိုးလာကြတော့သည်။ နိုးနိုးချင်းမှာဘဲ ကလေးတွေရဲ့ မနက်ခင်းနှုတ်ဆက်အနမ်းလေးတွေ ရလိုက်ကြသည်။

"ဖေဖေနဲ့ အဖေ နိုးပြီ"
ကလေးလေးယောက်လုံး တခစ်ခစ်ရယ်မောကြရင်း သူတို့ပေါ်ခုန်ဝင်လာကြသည်။

ရုန်ယိမှာ ကလေးတွေမျက်နှာကိုကြည့်ရတာတောင် မူးနောက်နောက်ဖြစ်နေပြီး အတော်လေးကြာမှသာ အမူးပြေလာတော့သည်။ သူတို့သောက်ကြတာကို ပြန်စဥ်းစားကြည့်တဲ့အခါ သူ ယင်ကျင်းရဲ့ကိုဆွဲခေါ်ကာ ရှန်းလွီ့ရဲ့အိမ်တော်ကိုပြန်လာကြတာကိုသာ မှတ်မိပြီး နောက်ပိုင်းဘာတွေဖြစ်သွားမှန်း လုံးဝမသိတော့။

ယင်ကျင်းရဲ့ သူတို့ကြားထဲရောက်နေတဲ့ ယောင်အာကို ဟိုဘက်ချီပို့လိုက်ကာ ရုန်ယိကိုဖက်ပြီး မျက်နှာထက်အနမ်းပေးလိုက်ပြီးမှ ဆက်အိပ်ဖို့ မျက်လုံးတွေပြန်မှိတ်ချလိုက်သည်။

"ဆရာ.. သခင်ယင်.. နိုးကြပြီလား.. အမူးပြေအောင် လက်ဖက်ရည်လေး နည်းနည်းလောက်သောက်လိုက်ကြပါဦး"
ပုချီက ကုတင်ဘေးနားကို လက်ဖက်ရည်ယူလာပေးသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now