*204* ခင်ဗျားအရမ်းကြမ်းပြီးအထိန်းအကွပ်မရှိတော့ရင်ကျွန်တော်ခံနိုင်မှာမဟုတ်ဘူး

7.1K 1K 50
                                    

ရုန်ယိ မသိစိတ်အရ လှည့်ကြည့်လိုက်တဲ့အခါ သူ့ကိုဝင်တိုက်တဲ့သူက ဝတ်စုံအဖြူနဲ့ အဖြူရောင်ခမောက် ဆောင်းထားကြောင်း တွေ့လိုက်ရသည်။ ခမောက်က ပုဝါစမှတစ်ဆင့် တစ်ဖက်လူက သူ့ကို ခပ်ဖျော့ဖျော့လေး ပြုံးပြနေတာ သူတွေ့လိုက်ရသည်။

တစ်ဖက်လူက အသံပို့ကာစကားပြောလာတဲ့အခါမှာတော့ သူ မျက်ဝန်းတွေမှေးစင်းကာ လက်ခနဲဖြစ်သွားရ၏။
"မင်းရဲ့ ဝိညာဥ်နဲ့ စိတ်ဝိညာဥ်တွေ အကုန်ပြန်ကောင်းသွားပြီလား"

"ရှောင်ယိ.."
ရုန်ယိ ထိုလူကို စိုက်ကြည့်နေတာ ယင်ကျင်းရဲ့ တွေ့လိုက်ရသည်။
"မင်း ဘယ်သူ့ကိုကြည့်နေတာလဲ"

ရုန်ယိ အမြန်ပြောလိုက်သည်။
"ပိုင်ယွမ်ချန်"

သူ့နှုတ်က ထိုနာမည်ထွက်ပြီး မျက်တောင်တစ်ချက် ခတ်ရုံရှိသေး တစ်ဖက်လူက နေရာမှာရှိမနေတော့။

ယင်ကျင်းရဲ့ ချက်ချင်းရပ်ကာ သူတို့နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။
"ဘယ်မှာလဲ"

"သွားပြီ"
ရုန်ယိ အမြန်ဘဲ ယင်ကျင်းရဲ့ကိုခေါ်ကာ ခပ်ဝေးဝေးထိ နောက်ကလိုက်ဖမ်းပေမဲ့ တစ်ဖက်လူကတော့ ပျောက်သွားခဲ့လေပြီ။

"သူဘာအရောင်ဝတ်ထားတာလဲ"
ယင်ကျင်းရဲ့ သူ့ဝိညာဥ်စွမ်းအားကိုဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

"ဝတ်စုံအဖြူနဲ့ ပုဝါပါတဲ့ခမောက်အဖြူဆောင်းထားတယ်"

သူ့ဝိညာဥ်စွမ်းအားမှတဆင့် ရုန်ယိပြောတဲ့လူကို ဒီကနေ နှစ်လီအကွာမှာ ယင်ကျင်းရဲ့တွေ့လိုက်သည်။ တစ်ဖက်လူက သူ့စွမ်းအားကိုခံစားမိသွားပုံရကာ ပုဝါစကိုလှန်တင်လိုက်ပြီး သူ့ကိုပြုံးပြလာ၏။

သူ ဝိညာဥ်စွမ်းအားကိုပြန်ရုတ်သိမ်းကာ ရုန်ယိကိုတားလိုက်ပြီး သြရှတဲ့အသံနဲ့ပြောလိုက်သည်။
"လိုက်ဖမ်းဖို့မလိုတော့ဘူး.. သူက ဒီကနေအဝေးကြီးကိုရောက်နေပြီ.. ကိုယ်တို့မီမှာမဟုတ်ဘူး..သူ့ကျင့်ကြံဆင့်က ကိုယ့်ထက်မြင့်တယ်။ ချီလန်ပြောတာ မှန်လောက်တယ် ပိုင်ယွမ်ချန်က သခင်ရှန်ကျဲ့ဘဲ။ မဟုတ်ရင် သုံးနှစ်ထဲနဲ့ ရွှေအမြုတေအဆင့်ကနေ ကိုယ့်ထက်မြင့်တဲ့ကျင့်ကြံဆင့်ကို ရောက်သွားမှာမဟုတ်ဘူး"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now