ကွေးလင်မြို့ထဲမှ မရေမတွက်နိုင်တဲ့လူတွေက လေထဲ၌ ခေါင်းထက်က တိမ်တိုက်မည်းတွေသကဲ့ပင် တစ်ယောက်နဲ့တစ်ယောက် တိုးကြိတ်နေရင်တိုးကြိတ် မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြ၏။ သွေးပျက်စရာ ရှုပ်ထွေးနေမှုကြီးပင်။
ဒါတွေကိုကြည့်ရင်း မင်သခင်ကြီးက မင်သခင်မကြီးရဲ့လက်ကို ဆွဲကိုင်လိုက်ကာ အနားကလူတွေကိုပြောလိုက်သည်။
"အကုန်လုံး အတူတူပူးကပ်နေကြ.. လူချင်းကွဲမသွားစေနဲ့!"ကိုယ်ရံတော်တွေကလည်း အရှေ့ ၊ အနောက် ဘယ်၊ ညာ ၊ အပေါ်နဲ့ အောက်ဘက် အဘက်ဘက်ကနေ ဝိုင်းထားလိုက်ကြပြီး သူတို့နား ဘယ်သူ့မှ ကပ်လာခွင့်မပေးကြ။
"ဝုန်း!!!"
အောက်ဘက်မှ ပေါက်ကွဲသံကြီး ထပ်ထွက်လာပြန်သည်။ လေထဲမှ ပျံသန်းနေကြတဲ့သူတွေတောင်မှ တုန်ခါမှုကြီးကို ခံစားလိုက်မိကြပြီး အသက်ရှူရတာတောင် ခက်ခဲလာကြတော့သည်။ယင်သခင်မမှာ ကိုယ်တွင်းက ဝိညာဥ်စွမ်းအားတွေ ဂနာမငြိမ်ဖြစ်လာတာ ခပ်ရေးရေးခံစားလိုက်မိပြီး အနားကသူတွေကို အမြန်ပြောလိုက်သည်။
"ဝိညာဥ်စွမ်းအားတွေ ကပြောင်းကပြန်စီးဆင်းနေတာ ခံစားမိကြလား"မင်လျန်ယင်က ပြန်ဖြေလာသည်။
"ဟုတ်တယ်.. ခံစားမိတယ်"ကျန်သူတွေလည်း ခံစားလိုက်ရသည်။
လိုဂတ်စ်နဲ့ပါဆီရိုတို့လည်းဘဲ မသက်မသာကြီးခံစားလာကြရ၏။
တိုက်ခိုက်နေကြတဲ့ကျင့်ကြံသူတွေမှာ ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုကို ခံစားလိုက်မိကြတာကြောင့် တိုက်ခိုက်နေတာတွေ ရပ်လိုက်ပြီး သူတို့ကိုယ်သူတို့ စစ်ဆေးကြည့်လိုက်ကြပေမဲ့ ဘာမှရှာမတွေ့ကြပေ။
"ငါ့ဝိညာဥ်စွမ်းအားတွေ တဖြေးဖြေး ခမ်းခြောက်နေသလိုဘဲ"
"ငါရောဘဲ"
လူအုပ်ကြီးမှာ ထိတ်လန့်ကုန်ကြတော့သည်။
ယင်သခင်မမှာ သူတို့တွေသာ ဒီလိုအခြေအနေဖြစ်နေတာ မဟုတ်မှန်း သိလိုက်ရတာနဲ့ ခုခံကာကွယ်ရေးမှော်လက်နက်တွေ အမြန်ထုတ်ကာ သူတို့ပတ်ပတ်လည်ကာရံထားလိုက်ပေမဲ့ အခြေအနေက နည်းနည်းလေးသာ ပိုကောင်းလာသည်။
![](https://img.wattpad.com/cover/326548876-288-k190725.jpg)
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**