*252* ကျွန်တော့်လူကအရမ်းချစ်ဖို့ကောင်းတာဘဲ
နောက်တစ်နေ့မနက်ခင်းမှာ ယင်ကျင်းရဲ့နှင့် ချီလန်တို့ မင်ဖင်းယိုကိုခေါ်ပြီး ပြန်ရောက်လာကြသည်။
ထို့နောက် အစေခံတွေက မနေ့က ပိုင်ယွမ်ချန်ရဲ့ကိစ္စကို ချက်ချင်း ပြန်တင်ပြလိုက်ကြသည်။
ရုန်ယိနဲ့ပိုင်ယွမ်ချန်တို့ တိုက်ခိုက်တာတွေ ဘာတွေမဖြစ်ခဲ့ဘူးဆိုတာ ကြားပြီးနောက် ယင်ကျင်းရဲ့ မင်ဖင်းယိုကို သူနေတဲ့ခြံဝန်းထဲ အရင်ဆုံး ပြန်ခေါ်သွားပေးလိုက်သည်။
ယင်သခင်မအပါအဝင်လူတိုင်း မင်ဖင်းယို တစ်ကိုယ်လုံးအကောင်းအတိုင်းပြန်ရောက်လာတာ တွေ့ရမှသာ စိတ်သက်သာရာရသွားကြတော့သည်။
"ယိုအာ... အဆင်ပြေရဲ့လား"
ယွမ်ယင်းယင်းမှာ လျှောက်လာပြီး မင်ဖင်းယိုရဲ့လက်ကိုကိုင်ရင်း မေးလာသည်။မင်ဖင်းယိုက ခေါင်းခါပြလာသည်။
"အမေ... ကျွန်တော် အဆင်ပြေပါတယ်"ယင်သခင်မက ယင်ကျင်းရဲ့ကို မေးလိုက်သည်။
"ရဲ့အာ... ဘာတွေဖြစ်သွားလို့လဲ... မင်းတို့တွေ တစ်ညလုံး ဘာလို့အပြင်ရောက်နေကြတာလဲ""ဖင်းယို ယင်ဟော့ယောင်လူတွေရဲ့ စိတ်ညှို့ထားတာ ခံလိုက်ရတာ.. ပြီးတော့ သူတို့က ဖင်းယိုကနေတဆင့် စန်စန်ကိုခေါ်ထုတ်ပြီး သူ့ရဲ့ သက်တံ့ရောင်ဝိညာဥ်သွေးကြောကို ထုတ်ယူကြမလို့"
အမှန်တော့ သူ သတိလျှော့ချထားဟန်ဆောင်ကာ ယင်ဟော့ယောင်တို့ကို အခွင့်အရေးပေးလိုက်ခြင်းပင်။ ဒါမှ ခြေရာခံပြီးသူတို့ကိုရှာဖွေနိုင်မှာဖြစ်တာကြောင့် သူ့လူတွေက အမှောင်ထဲမှနေကာ မင်ဖင်းယိုရဲ့လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေကြပြီး သူ အခြေအနေကို သတင်းပို့ဖို့ထွက်သွားတဲ့အချိန် မင်ဖင်းယိုနောက်ကနေ လိုက်သွားကြတာဖြစ်သည်။
ယင်သခင်မတို့တွေမှာ အကုန်လုံး ပင့်သက်ရှိုက်လိုက်မိကြသည်။
ယင်သခင်မက ရေရွတ်သလိုပြောလာ၏။
"သူသိသွားပြီ... နောက်ဆုံးတော့ သူသိသွားပြီ.. ငါသိသားဘဲ.. သူမင်းတို့ကို အလွယ်တကူ လက်လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ"

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**