*233* ဆေးလုံးကိုပြန်အနိုင်ရပြီ

4.1K 649 14
                                    

ထုန်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။
"ကောင်းပြီလေ.. ခင်ဗျားက ခင်ဗျားတို့ဘိုးဘေးတွေရဲ့ ယန်၉မျိုးဝိညာဥ်မွမ်းမံဆေးလုံးကို ပြန်လိုချင်တယ်ဆိုတော့ ကျုပ်ကလည်း ပြိုင်ပေးရတာပေါ့.. ဒါပေမဲ့ အဲ့နှစ်က ခင်ဗျားကိုအနိုင်ယူဖို့ ကျုပ်က ထိုက်ရှီကျင်းယွမ်ဆေးလုံးကိုသုံးခဲ့တာ.. ဒီတော့ ခင်ဗျားရဲ့ ယန်၉မျိုးဝိညာဥ်မွမ်းမံဆေးလုံးကို ပြန်လိုချင်ရင် ကျုပ်ရဲ့ ထိုက်ရှီကျင်းယွမ်ဆေးလုံးကို အနိုင်ယူနိုင်မှရမယ်"

လူတိုင်း ထိုက်ရှီကျင်းယွမ်ဆေးလုံးလို့ကြားလိုက်တာနဲ့ အကုန် အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကာ ရင်ထဲက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြတော့။ ယန်၉မျိုးဝိညာဥ်မွမ်းမံဆေးလုံးထက်စာရင် သူတို့က ထိုက်ရှီကျင်းယွမ်ဆေးလုံးကို ပိုသဘောကျကြသည်။ ဘယ်လိုဘဲပြောပြော လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်တဲ့ ဆေးလုံးအနည်းငယ်ရှိလာကာ ယန်၉မျိုးဝိညာဥ်မွမ်းမံဆေးလုံးကို တဖြည်းဖြည်းနဲ့ အစားထိုးလာနိုင်ကြပေမယ့် အထက်ဘုံတက်လှမ်းနိုင်မဲ့အခွင့်အရေးကို တိုးတက်လာစေမဲ့ ထိုက်ရှီကျင်းယွမ်ဆေးလုံးကိုတော့ ယခုချိန်ထိ ဘယ်ဆေးလုံးမှ အစားမထိုးလာနိုင်သေးပေ။

လူတိုင်းက သူ့ရဲ့ထိုက်ရှီကျင်းယွမ်ဆေးလုံးကို သရေကျနေကြတာတွေ့တဲ့အခါ ထုန်မိသားစုခေါင်းဆောင်ရဲ့အပြုံးမှာ ပိုကြီးမားလာတော့၏။ သူက လူတိုင်းကြည့်ရှုအကဲဖြတ်လို့ရအောင် သိုလှောင်လက်စွပ်ထဲက ဆေးလုံးတစ်လုံးထုတ်ယူလိုက်ပြီး
"ဒါက ကျုပ်တို့ထုန်မိသားစုက အကြီးအကဲတန်ဟုန် သန့်စင်ထားတဲ့ ဆေးလုံးပါ.. လူတိုင်း အလိုရှိမယ်ဆိုရင် သူ့ဆီသွားလို့ရပါတယ်.. ဒါပေမဲ့ အားလုံးလဲသိမှာပါ စျေးနှုန်းကတော့ နည်းနည်းလေးမြင့်တယ်"

သူက နည်းနည်းမြင့်တယ်လို့ပြောခဲ့ပေမယ့်လည်း ဆေးလုံးတစ်လုံးကတောင်မှ သူတို့ရဲ့ပိုင်ဆိုင်မှုအကုန်လုံးနဲ့ညီမျှမှန်း လူတိုင်းရှင်းရှင်းလင်းလင်းကို သိလေသည်။

အကြီးအကဲတန်ဟုန်က ဂုဏ်ယူစွာနဲ့ သူ့မုတ်ဆိတ်ရှည်ကြီးကို ပွတ်လိုက်၏။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now