My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁)
“မင်း ဘာစကားပြောလိုက်တာလဲ? ပြန်ပြောစမ်းညှို့... ငါဘဲနားကြား မှားသွားတာလား?”“မမှားဘူးကိုမင်း... ရှင်ကြားတဲ့အတိုင်း အမှန်ပဲ... ကျွန်မ ရှင့်စကားကို လက်ခံတယ်လို့ ပြောလိုက်တာ...”
“အဟက်... ဟက် ဟားဟား...”
သူမရဲ့အတည်ပြုစကားကိုမင်းမြတ်မောင်က ရယ်စရာပျက်လုံးတစ်ခုကြားသလို ဟက်ဟက်ပက်ပက်ရယ်လေသည်။ အင်းလေ။ သူ့ကို တစ်ချိန်လုံးလိုက်ကပ်ပြီး အသေရရ၊အရှင်ရရဖြစ်ခဲ့ဖူးတဲ့မိန်းမက အခု သူ့လမ်းခွဲစကားကို အသာတကြည်လက်ခံလိုက်တယ်ဆိုမှတော့ ဟာသတစ်ခုပဲပေါ့။
“ဘာလဲ? အရင်ကလို ငါ့ကိုဇွတ်အတင်းလိုက်ကပ်ပြီး မတားတော့ဘူးလား?”
ဒီစကားကြားတော့ အသားတွေတဆတ်ဆတ်တုန်ကာ ခံပြင်းလှတဲ့အထိကို ညှို့ရင်ထဲ နင့်နင့်သီးသီးနာ၏။ သူ့အမြင်မှာ ကိုယ်က သနားစရာသတ္တဝါ ကပ်ပါးကောင်တစ်ကောင်ထပ်မပိုဖူးမို့လေ။
ဟက်!..
ရင်ထဲ အဆမတန်ဝမ်းနည်းနာကျင်နေရင်းမှပင် သူမမော့ကာ ဟက်ခနဲလှောင်ရယ်ပစ်လိုက်မိသည်။ ပြီးတော့ ဂရုမစိုက်သလို ထီမထင်မျက်နှာထားဖြင့် ရွံစရာကောင်းလှတဲ့မျက်စိအရှေ့ကအတွဲကို မခိုးမခန့်ကြည့်လိုက်သည်။နဂိုကမှ ရုပ်ရှင်မင်းသမီးမို့လို့လားမသိ။ ဟန်ဆောင်နေတယ်မထင်ရအောင် သူမအိုက်တင်တွေက ပီပြင်လွန်းလှသည်။ ဒါကြောင့်လည်း တစ်ချိန်က သူမရဲ့ကမ္ဘာကြီးဖြစ်ခဲ့ဖူးတဲ့ကိုနဲ့ သူ့ချစ်သူအသစ်စက်စက် စနိုက်ကြော်ကောင်မလေးတို့ မခံမရပ်နိုင်တဲ့မျက်နှာထားတွေ ဖြစ်သွားကြတာပေါ့။
တကယ်က ညှို့လုံးဝအဆင်ပြေမနေပါ။ စိတ်ထဲနာကျင်နေတာ ကိုယ်ပဲသိသည်။ စိတ်ညစ်မှုဒဏ်ကိုမခံနိုင်တဲ့သူမက ခုလည်း မျက်နှာမပျက်နေပြရပေမယ့် ခေါင်းထဲတော့ တဒုတ်ဒုတ်နဲ့ထိုးဆောင့်ကာ တရိပ်ရိပ်တစစ်စစ်ဖြစ်နေရလေသည်။
ကိုနဲ့သူမရဲ့အကြောင်းက နန်းတွင်းဒရမ်မာကားတွေလို တော်ဝင်ဆန်မနေပါ။ ခပ်ချောချော ငယ်ငယ် CEO တစ်ယောက် နဲ့ တက်သစ်စမော်ဒယ်ကောင်မလေးတို့ရဲ့ comic ဆန်တဲ့ စွတ်ပျံ့ကြည်နူးဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်သာ။ သူ့ငယ်ချစ်ဦး ဧပရယ်ဆိုတဲ့တစ်ယောက် ပေါ်မလာသေးခင်အထိပေါ့။

YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Lãng mạnခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...