My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၂)
Warning: အသက်မပြည့်သေးသူများမဖတ်ပါနှင့်။ 18+ အခန်းများ ပါဝင်ပါသည်။
“မင်း ကိုယ့်ကို ဘယ်လိုပြောခဲ့လဲလမင်း...”
“……”
“မင်းက ကိုယ့်ကို ညာခဲ့တာ... ကိုယ့်ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး..."
“……..”
ညှို့တို့က အခုမြို့ပြင်လူရှင်းတဲ့တစ်နေရာကို ရောက်နေတာဖြစ်သည်။ ကားပေါ်ကဆင်းသွားသူနောက် ညှို့ကလိုက်သွားတဲ့အခါ သူနဲ့ညှို့က ကားအပြင် ခပ်လှမ်းလှမ်းမှာ မျက်နှာချင်းဆိုင်ရပ်၍ စကားပြောသလို ဖြစ်နေသည်။
“မင်းပြောစမ်းပါ... အဲ့လိုကောင်ကို မင်းက အခုထိ ဟား တောက်!...”
ဆက်မပြောနိုင်စွာ သူက ခေါင်းမော့၍ဟားခနဲရေရွတ်သည်။ ပြီးတော့ ညှို့ကို မျက်နှာလွှဲ၍ တက်ခေါက်၏။
“မဟုတ်ဘူးမောင်!... မောင် အထင်လွဲနေတာ...”
“ကိုယ်က အထင်လွဲတယ်... ဟမ်? ဒီမျက်လုံးကြီးနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့တာကိုလေ...”
“…..”
“ဒါဆို မင်းပြော!... မင်း အဲ့ဒီကို ဘာသွားလုပ်တာလဲ?!”
“ညှို့က ဒီအတိုင်း လူနာသတင်းမေးသက်သက်ပါ...”
“ကိုယ် ဘာလို့ မင်းကို အဲ့လောက်ဒေါသထွက်နေတာလဲသိလား? မင်း မင်းရည်းစားဟောင်းဆီကို သွားလို့မဟုတ်ဘဲ ကိုယ့်ကို ညာပြောခဲ့လို့...”
“မောင့်ကိုညာခဲ့တာ ညှို့မှားပါတယ်... ဒါပေမယ့် ညှို့က...”
“ဒါပေမယ့်ဆိုတာ မရှိဘူးညှို့... မင်းသာရိုးသားရိုးမှန်ရင် ကိုယ့်ကို အမှန်တိုင်းပြောပြီးမှသွားလည်း ရတာပဲ... ဒါဆို ကိုယ်ကြည်ကြည်ဖြူဖြူတောင် လိုက်ပို့ပေးဦးမှာ...”
“မောင်က သူ့ကိုမကြည်ဘူးလေ... ညှို့က မောင်စိတ်ဆိုးမှာစိုးလို့...”
“မင်းအခုလုပ်ရပ်ကိုသိတော့ရော ကိုယ်စိတ်မဆိုးဘူးထင်လို့လား?”
“အဲ့လို မဟုတ်ပါဘူး...”
“ကိုယ် အခု ဒေါသအရမ်းထွက်နေတယ်ညှို့... လူသတ်ပစ်ချင်တဲ့အထိပဲ...”
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
