အပိုင်း (၁၂)

3.6K 51 1
                                        

My Stalker(မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၂)

တိတ်ဆိတ်သောအခန်းတစ်ခုအတွင်း မော်နီတာဖန်သားပြင်ပေါ်က ဓာတ်ပုံတစ်ပုံကို စူးစိုက်ကြည့်နေတဲ့လူတစ်ဦးရှိသည်။ သူ့ပုံစံကအမူအရာကင်းမဲ့နေပေမယ့် mouse.ပေါ်ကလက်လှုပ်လိုက်တိုင်း ဖန်သားပြင်ပေါ်ကဓာတ်ပုံတို့က တစ်ပုံပြီးတစ်ပုံပြောင်းလဲနေခဲ့၏။

သူကတော့ မလှုပ်မရပ်ဖြစ်နေတဲ့အပြင် မျက်နှာကလည်း ခံစားချက်မဲ့နေတဲ့ပုံမို့ သူဒေါသထွက်နေတာလား? နာကျင်နေတာလား? ဝေခွဲဖို့မသေချာ။

ထိုသူကြည့်နေသောပုံမှာ မိုးသားလွှမ်းနဲ့ မင်းသမီးညှို့လမင်းတို့ မားကတ်တစ်ခုထဲ ဈေးဝယ်ထွက်နေပုံ၊ ပြောဆိုလှုပ်ရှားပုံ၊ ဖက်တွယ်ထားကြပုံတို့ဖြစ်သည်။

ရေသေလိုသူ့မျက်နှာက တည်ငြိမ်နေသော်ငြား မျက်လုံးတွေကတော့ မီးတောက်မီးလျှံများ အရှိန်ပြင်းပြင်းလောင်ကျွမ်းနေသကဲ့သို့ လဲ့ပြာစူးတောက်နေကြသည်။ သူ့အပြုအမူတွေက ထူးဆန်းကာ ခန့်မှန်းဖို့ခက်လှပေမယ့် ကျေနပ်နေတဲ့ပုံစံတော့မဟုတ်ပေ။

သူက ထိုရရှိလာသောပုံအသစ်တွေနဲ့ အရင်က သူရရှိထားခဲ့သော မင်းမြတ်မောင်နဲ့ညှို့လမင်းတို့ပုံတွေကိုယှဉ်ကြည့်သည်။ ထို့နောက် အခြား ညှို့လမင်းနဲ့ ဒိတ်ဒင်းသတင်းထွက်ထားတဲ့အနုပညာရှင်များစွာတို့နဲ့ ညှို့လမင်းရဲ့စုံတွဲပုံတွေကိုရော။

သူက အားလုံးကိုသီးခြားဖိုင်တစ်ခုစီခွဲ၍ သိမ်းလိုက်သည်။ ထိုပုံတွေ သူဘယ်လိုရထားသည်လဲမပြောတတ်ပေမယ့် အခန်းတွင်းတွင် မင်းသမီးညှို့လမင်းရဲ့ပုံတွေကတော့ အများအပြား။ ဓာတ်ပုံတွေ၊ ဗီနိုင်းတွေ ပိုစတာတွေလုပ်၍ အခန်းနံရံအနှံ့ချိတ်ဆွဲထားသလို အိပ်ယာဘေးကခုပေါ်မှာကအစ ညှို့လမင်းရဲ့ဓာတ်ပုံstand.ရှိသည်။

ဆွဲဆောင်မှု့ရှိသောပုံတွေ၊ အပြစ်ကင်းစွာပြုံးရွှင်ရယ်မောနေတဲ့ပုံတွေ၊ သူများနဲ့စကားပြောနေတဲ့ပုံတွေ၊ တစ်ယောက်တည်း သဘာဝကျကျ နေထိုင်သွားလာနေတဲ့ပုံတွေ၊ ညှို့ချက်ပြင်းလှတဲ့ပုံတွေ တရားဝင်ခွင့်ပြုချက်နဲ့ ကြော်ငြာဓာတ်ပုံ၊ ဇာတ်ကားပိုစတာ၊ အလှစသည့ဖြင့် ရိုက်ကူးထားသောပုံတွေပါ​သော်​ငြား အများစုကတော့ ညှို့လမင်းမသိသော အနုပညာလောကပြင်ပကဓာတ်ပုံများဖြစ်သည်။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now