အပိုင်း (၃၉)

3.2K 53 1
                                        

My Stalker(မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၉)

“ဘာတွေကြည့်နေတာလဲ?”

အနားလာရပ်သူကြောင့် ညှို့တီဗွီမော့ကြည့်တော့ ခေါင်းရေဆက်လတ်နဲ့သူ...။

အမြဲတမ်းအဲ့လိုပဲ...။ ခေါင်းလျှော်ပြီးရင် ဘယ်တော့မှ ရေကိုခြောက်အောင်မသုတ်ဘူး...။ သူ့အရပ်က ရှည်ပါတယ်ဆို ခုလိုဘေးလာရပ်တော့ ညှို့ကထိုင်နေတာမို့ သူအရပ်ကြီးကမိုးထိုးနေကာ လူကို ဖုံးအုပ်လုမတတ်။

ညှို့က အခန်းထဲကဆိုဖာပေါ်ထိုင်၍ တီဗွီထိုင်ကြည့်နေတာဖြစ်သည်။ သူက အမြဲမဟုတ်ပေမယ့် ညှို့တို့နှစ်ယောက် အားလပ်ရပ်တူတဲ့နေ့မျိုးမှာဆို ထိုနေ့မတိုင်ခင်ညကတည်းကကြိုပြီး အိမ်လာအိပ်တတ်သည်။

ခေါင်းစဉ်တက်ရမည်ဆို ညှို့နဲ့သူက ချစ်သူမက အိမ်ထောင်သည်မကျ။ Living Together.အဆင့်လည်း မဟုတ်ပြန်။

“မောင်ကလေ... ခေါင်းကရေကို အရင်ပြောင်အောင်မသုတ်ဘူး... အအေးမိတော့မှာပဲ... လာထိုင်...”

ခေါင်းလျှော်ရေချိုးပြီး ခေါင်းကိုရေပြောင်အောင်မသုတ်ဘဲ ဆံပင်ဆက်လက်နဲ့သူက အနားလာထိုင်၏။ ရေချိုးဝတ်စုံနဲ့မဟုတ်ဘဲ အင်္ကျီအဝတ်အစားလဲလာတာကိုပဲ ညှို့မှာ ကျေးဇူးတင်ရမလို။

ညှို့ အလွယ်ရှိနေတဲ့ ဘေးနားကအဝတ်သန့်တစ်ထည်ကိုထယူကာ သူ့ခေါင်းကိုသေချာသုတ်ပေးရသည်။ သူငုံ့ပေးထားပေမယ့် ကိုယ့်အရပ်က မမှီတာကြောင့် ညှို့က ဆိုဖာပေါ်ဒူးထောက်လျက်က ဘေးမှာထိုင်နေတဲ့သူ့ခေါင်းကို ငုံ့သုတ်ပေးရသည်။

“ကိုယ့်ကိုစိတ်ပူတာလား?”

အစကငြိမ်နေလို့အကောင်းမှတ်နေသေးသည်။ နောက်မှ ပြီတီတီခေါင်းမော့မေးလာ၏။ သူ့လက်အစုံကလည်း ဒူးထောက်လျက်ရှိနေသောညှို့ခါးသိမ်သိမ်လေးတွေပေါ် ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ။

“စမနေနဲ့.... ဖယ်... ခေါင်းခြောက်အောင် အရင်သုတ်ရအောင်...”

“ဒီအတိုင်းပဲသုတ်လေ... ကိုယ်ခဏဖက်ထားချင်လို့...”

ချွဲတယ်ဆိုရအောင်လည်း သူ့မျက်နှာက ခပ်တည်တည်။

“မောင်... ညှို့တို့ရိုက်ခဲ့တဲ့စုံတွဲဂိမ်းအစီအစဉ်လေ... အဲ့ဒါ မောင်သိတယ်မလား?”

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now