အပိုင်း (၃၈)

393 14 0
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၈)

ညှို့တို့အသဲတုန်နဲ့ ကတောက်ကဆဖြစ်ထားတဲ့ဗွီဒီယိုဖိုင်ကို အချို့က ခိုးရိုက်ကာ လိုင်းပေါ်တင်ထားသည်ကြောင့် လတ်တလော ထိုသတင်းက Hit.ဖြစ်နေသည်။ online hot search မှာလည်း ရှာဖွေမှုနှုန်း အမြင့်ဆုံးကို ရောက်လို့နေ၏။

လူတိုင်းပါးစပ်ဖျားမှာ တစ်ပါတ်ကျော်တဲ့အထိ ရေပန်းစားကာ ပြောစမှတ်တွင်နေလေသည်။ မီဒီယာနဲ့လူထုကလည်း ထိုကိစ္စကိုသာ အာရုံထားနေကြ၏။

“ဒါကတော့ လွန်တာပေါ့...”

“အေးလေ... သူကဘာမို့ အဲ့လောက်ဘဝင်မြင့်နေတာလဲ? ခေါင်းဆောင်မင်းသမီးလည်းမဟုတ်။”

“ရိုက်ကွင်းတစ်ခုလုံးကလူတွေနဲ့မတည့်ဘူးဆိုကတည်းက သူဘယ်လောက်ဆိုးဝါးသလဲဆိုတာ မပြောလည်း ငါခန့်မှန်းလို့ရတယ်..."

“+1 ငါလည်းထောက်ခံတယ်...”

“+2 သူ့ကိုယ်သူမာန်တတ်နေတာများ နောက်ဆုံးဝန်ထမ်းတွေဘက် လှည့်အော်တဲ့စကားကအသက်...”

“အောက်ခြေလူတန်းစားဆိုပြီး အတူလုပ်ကိုင်ကြတဲ့သူတွေကို အလေးမထားတာ၊ တန်ဖိုးနားမလည်တာ...”

“အဲ့ဒါတွေပြောမနေပါနဲ့အပေါ်ထပ်ရေ့... သူ့ထက် အများကြီးစီနီယာကျတဲ့မင်းသမီးညှို့လမင်းကို ပမာမခန့်ဆက်ဆံတာပဲကြည့်...”

“တော်သေးတာပေါ့... မိုးသားလွှမ်းလို ထက်မြတ်တဲ့ချစ်သူကို မင်းသမီးညှို့လမင်းပိုင်ဆိုင်ထားလို့... မဟုတ်လို့ ထုတ်မပြောရင် ညှို့ကပဲ သူ့ကိုအဖက်မလုပ်သလိုလို၊ ပစ်ပယ်ထားသလိုလို....”

“သူ့ကိုယ်သူ ပန်းနုသွေးဇာတ်သွင်းနေတာလေဟယ်...”

“သူ့လိုချွဲနွဲ့နေတဲ့ရုပ်နဲ့များ ကြာပန်းဖြူဖြစ်ချင်ရသေးတယ်... ဆုတောင်း...”

“ဟိုမြက်စားတဲ့မင်းမြတ်မောင်ကလည်း အဲ့လိုပုံစံကို တကယ်ပဲကြိုက်နေတာလားမသိဘူး...”

“ယောက်ျားလေးတွေအကုန်အဲ့လိုပါပဲ... သူတို့ကို ချွဲ့နွဲ့ညာခိုင်းတတ်တဲ့ကောင်မလေးတွေနဲ့မှတန်တာ... ငါတို့လို ကျားကျားယားယားမိန်းမသားဆို သူတို့က အထင်ကြီးတဲ့ဟာတွေမဟုတ်ဘူး...”

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now