အပိုင်း (၄၉)

3.3K 71 3
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၉)

တုန်ယင်နေတဲ့လက်အစုံနဲ့ စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်လှန်လာခဲ့သည်မှာ တစ်ဝတ်တိတိပင် ကျိုးခဲ့လေပြီ။ မောင့်အမုန်းတွေကို စိတ်ကူးနဲ့တောင် ယဉ်မကြည့်မိဖူးအောင် ညှို့က မောင့်သေးသေးလေးဆီမှာ အမုန်းခံခဲ့ရသည်တဲ့လား?

ညှို့အတွက် မျက်ရည်တွေဆိုတာ တာကျိုးသလို။ လက်တစ်ဖက်နဲ့ နှုတ်ခမ်းကိုအသံမထွက်အောင် ဖိပိတ်ကာ ကြိတ်ငိုပေမယ့် ရှိုက်သံတွေက အခန်းထဲ မဆဲနိုင်တော့အောင်...။

ညှို့ မောင့်ကိုချစ်တယ်လေ။ မောင့်အမုန်းတွေကို ခံယူဖို့မရဲလောက်အောင် မောင်ဆိုတဲ့ဖြစ်တည်မှုနဲ့ လူသားလေးတစ်ဦးဆီမှာ နစ်ဝင်ခဲ့ပြီးမှ...

ဒီစာမျက်နှာကိုရောက်လာခဲ့ချိန်မှာတော့ ညှို့အတွက် အမုန်းတွေဟာ အဆုံးမရှိလောက်အောင် မောင့်ရင်ထဲ ကျယ်ပျံ့ကြီးမားနေပြီဆိုတာ မဖတ်ခင်ကတည်းက ညှို့နားလည်လိုက်သည်။ ညှို့ရဲ့စနောက်ကျီစည်မှုသေးသေးလေးတွေကိုတောင် အမြင်မကြည်နိုင်ခဲ့တဲ့သူက ခုလို ကိစ္စရပ်အကြီးကြီးတစ်ခုမှာတော့...

အဲ့ဒီနေ့...
အဲ့ဒီနေ့က အရာအားလုံးကိုမှားယွင်းလွဲချော်ဖို့ အစပြုခဲ့သည်။ အားလုံးက ညှို့အပြစ်တွေဆိုပေမယ့် သူအဲ့လောက်ကြီးအထိ ထိခိုက်သွားဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး...

ကလေးအတွေးများနဲ့ မကျင့်ကျက်မတည်ငြိမ်ခင်က ပြုမိတဲ့အမှားတစ်ခုဟာ မောင့်အတွက်တော့ ကမ္ဘာကြီး တစ်ခြမ်းစောင်းသွားစေလိမ့်မည်။

မိုးသားလွှမ်း ငါးတန်းနှစ်လောက်က ဖြစ်မည်။ ထိုစဉ်က ညှို့က ခုနှစ်တန်း။ သူတို့မြန်မာဆရာမက သူတို့ကို စာစီစာကုန်းတစ်ခုရေးဖို့ အိမ်စာပေးလိုက်သည်။ အဲ့ဒါ နောက်နေ့ ကျောင်းသွားခါနီး ညှို့က သူအိမ်စာထပ်မယ့်စာအုပ်ထဲကို သူရေးထားတဲ့စာစီစာကုံးစာရွက်တွေဖြဲကာ သူတို့မြန်မာဆရာမအားရည်ရွယ်တဲ့ ရည်းစားစာအသစ်ပြင်ရေးပေးခဲ့သည်။

စာထဲမှာ ထိုစာအုပ်ကို သူသေချာသိမ်းထားသည်ဟု ရေးထားသည်။
ထိုစာအုပ်ကိုအခုချိန်ထိသိမ်းထားသည်က ဘာအတွက်လဲမောင်ရယ်...

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now