My Stalker(မင်းရဲ့အရိပ်ကလေး)
အပိုင်း(၅၂)
“လမင်း...”
ပြေးကာကောက်ပွေ့တော့ ပျော့ဖက်နေသောကိုယ်လေးက သူ့ဆီပါလာသည်။ သွေးတို့အဆက်မပြတ်စီးဆင်းနေသည်က သူမနဲ့ထိစပ်နေသော သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအနှံ့ အနီရောင်တို့ဖြင့် ညစ်ထွေဖုံးလွှမ်းသွားစေသည်အထိ။
“လမင်း ကိုယ့်ကိုကြည့်ပါဦး...”
ပျော့ခွေနေသောကိုယ်လေးက သတိမရှိတော့ပြီ။ မှေးမှိတ်ထားသောမျက်ဝန်းအစုံက မျက်တောင်ရှည်ကော့ညွှတ်ညွှတ်တို့ဖုံးအုပ်၍ လှပနေကြတုန်း။
သူ,မထိရက်မကိုင်ရက်စွာခေါ်နေပေမယ့် သူမနိုးထမလာတော့။ ခေါင်းလေးလည်ကျနေသည်မို့ သူအမြန်ပွေ့ချီမထားရင်း သူမနှာခေါင်းဝကို လက်ဖြင့်ခံကာ စမ်းသပ်မိသည်။
ငွေ့ငွေ့ရှူနေသေးသောလေငွေ့လေးကြောင့် အချိန်တစ်ခုထိ ရပ်တန့်နေခဲ့သော သူ့နှလုံးခုန်သံက ပြန်မြန်လာ၏။ သူမအသက်ရှင်နေသေးတယ်။ ဒါဆို သူလည်း အသက်ဆက်နိုင်ပြီ။
သူ့ဆီမှ အဆက်မပြတ်စီးကျနေသောမျက်ရည်တွေက သူမပါးပြင်ပေါ် တပေါက်ပေါက်။ သူ,မငိုတတ်တော့တာ ကြာပြီဖြစ်သည်။ သူမကြောင့် ယောက်ျားတန်မဲ့ မျက်ရည်ကျရတာကိုလည်း သူ့မှာမရှက်နိုင်။
‘ကိုယ်က အတ္တကြီးခဲ့ရင်တောင် မင်းသာ ကိုယ့်အနားရှိဖို့ဆို သိက္ခာ၊မာနတွေလည်း မလိုပါဘူး...’
သူမကသာ သူ့အတွက်အရေးကြီးဆုံးမို့...။
အစကတည်းက သိထားပြီးသားပေမယ့် ခုမှပိုသေချာသွားတာက ညှို့လမင်းဟာ သူ့အတွက် အရာရာ...။
“မင်းမပူနဲနော်လမင်း... ကိုယ်မင်းကို လုံးဝလက်မလွှတ်ဘူး... မင်းက ကိုယ်နဲ့အတူ ထာဝရ အိုမင်းနာမကျန်းဖြစ်ပြီး ဘဝဆုံးတဲ့အထိ တစ်ဘဝလုံး အတူနေသွားရမှာ...”
သူမကိုယ်လေးကို သူတင်းတင်းပွေ့ချီရင်း မလှမ်းမကမ်းမှာရပ်ထားတဲ့ကားဆီကို ရောက်အောင်သွားလိုက်သည်။ သူကားနောက်ခန်းထဲ ညှို့လမင်းကိုယ်လေးကိုပွေ့ကာ ဝင်ထိုင်တဲ့အထိ ရှေ့ကကားမောင်းသူက လန့်ကာ ကြောင်တွေနေတုန်း။
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Lãng mạnခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
