My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃)“ငါတို့ ဒီဆိုင်မလာဖြစ်တာတောင်ကြာပြီ...”
“နင်က အချိန်မှမရှိတာကိုး မယ်ညှို့ရဲ့... နာမည်ကြီးမို့ scedul နဲ့ပြည့်နေတာကတစ်မျိုး၊ ဟိုအကျင့်မကောင်းတဲ့ကောင်ကို အချိန်ပေးနေရတာတစ်မျိုးနဲ့...”
ဆိုင်အပေါက်ဝတွင် နီလာတစ်ယောက် ပေါက်ပေါက်ဖောက်လို့မဆုံး။
နီလာက ညှို့စတိတ်ကျောင်း ဟိုယငယ်ငယ်ကတည်းက ခုချိန်ထိ ပေါင်းလာခဲ့တဲ့တစ်ဦးတည်းသောသူငယ်ချင်း။အရင်က သူငယ်ချင်းတွေမကုန်အောင်ရှိခဲ့ပေမယ့် အချိန်မပေးနိုင်တာရော၊ အနေဝေးသွားတာရောနဲ့ အကြောင်းကြောင်းကြောင့် ဒီတစ်ယောက်သာ ညှို့ရဲ့ပင်တိုင်သူငယ်ချင်းဖြစ်လို့လာခဲ့သည်။ ရင့်ကျက်လာတာနဲ့အမျှ လူတွေအကြောင်းသိလာတာလည်းပါ၏။
ဒီလောကထဲကျင်လည်နေပြီဆိုကတည်းက တုံး,အနေ၍မရ။ ညှို့ကရိုးသားပေမယ့် လည်လည်ဝယ်ဝယ်ရှိတဲ့မိန်းကလေး။
အရင်က ဖက်လဲတကင်းရှိခဲ့တဲ့သူငယ်ချင်းတွေကအစ သူမအောင်မြင်လာသည်နှင့် ဆက်ဆံပုံတွေပြောင်းလဲကုန်ကြသည်။ ရှောင်ဖယ်သွားတာ၊ မနာလိုရှုံချကြတာမျိုးတော့မဟုတ်။ ညှို့ဘယ်သွားသွား အရင်ကထက် အရေးပေး၊မျက်နှာပေး အထူးတတ်ကြသည်။ ဒါမျိုးကို ညှို့ကသဘောမကျ။
သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီတဲ့အချိန်ရှိသလို စိတ်သဘောထားခြင်းမတိုက်ဆိုင်တဲ့အခါမျိုးမှာလည်း ငြင်းခုန်ဆွေးနွေးတာမျိုး၊ စိတ်ဆိုးစိတ်ကောက်တာမျိုးရှိကြရမည်။ အခုက အရေးပဲပေးခံနေရတဲ့အခါ အရင်လိုလွတ်လပ်ပေါ့ပါးမှုတွေမရှိတော့။ ပျော်ရွှင်ရမယ့်အစား သူငယ်ချင်းဆက်ဆံရေးက ဝတ္တရားဆန်လာသည်။နောက်ပြီး သူတို့ညှို့ကိုခင်တယ်ဆိုတာ အရင်လိုလူကိုခင်တာမဟုတ်။ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့သဘောတွေ။ သူမရဲ့အောင်မြင်မှုကိုမီ၍ သူတို့စီးပွားရေးတွေမှာ ကြေညာခိုင်းတာ၊ ဆိုင်ဖွင့်ပွဲတွေမှာ အကူအညီတောင်းတာ၊ ဒါမှမဟုတ် သူမနဲ့တွဲရိုက်ထားတဲ့ပုံတွေကိုလိုင်းပေါ်တင်၍ လူအများဆီက attention ရှာတာ အစရှိသဖြင့် ခင်မင်မှုကိုအကြောင်းပြပြီး တစ်မျိုးမဟုတ်တစ်မျိုး သူမဆီက အကျိုးအမြတ်ထုတ်သွားကြတာ။
ညှို့ကိုဆို ပြတိုက်ထဲကတန်ဖိုးကြီးပစ္စည်းတစ်ခုလို သတ်မှတ်တတ်ကြပြီး ညှို့စိတ်ခံစားချက်ကိုတော့ ဘယ်သူမှအရေးမစိုက်။

YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Lãng mạnခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...