အပိုင်း (၂)

6.2K 93 2
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂)
“ဟင်း...”
နိုးထလို့ မျက်လုံးနှစ်လုံးပွင့်လိုက်သည်နှင့် အဖြူရောင်မျက်နှာကျက်က စီးကြိုနေ၏။ ရင်နှီးနေကျမြင်ကွင်းမို့ သူမအိပ်ခန်းမှန်းသိလိုက်သည်နှင့် အိပ်ယာကဖြည်းဖြည်းထကာ ကိုယ်လက်ဆေးကြော မျက်နှာသန့်စင်ရသည်။

အချိန်အားဖြင့် မနက်ကိုးနာရီ။
ညက ပါတီကပြန်လာပြီးကတည်းက သူမထိုးအိပ်သွားတော့တာ။ ပါတီဆိုမှ ညကိုအဖြစ်ကိုပြန်မှတ်မိတော့ ညှို့အံကိုတင်းတင်းကြိတ်လိုက်သည်။ သစ္စာမရှိတဲ့လူ။ ရွံစရာကောင်းတဲ့ယောက်ျား။ ဖောက်ပြန်တတ်တဲ့သူကိုမှယုံကြည်မိလို့ သူမရဲ့ဖြူစင်တဲ့နှလုံးသားက အဆိပ်သင့်ခဲ့ရသည်။

မနက်စာစားဖို့ဖွင့်ကြည့်တော့ ရေခဲသေတ္တာထဲ ဒိန်ချဉ်ဗူးတွေ၊ အသီးတွေ၊ အသင့်စားမုန့်တွေ အများကြီးရှိနေတဲ့အပြင် စားပွဲပေါ်မှာလည်း သူမကြိုက်တတ်တဲ့ပုံစံအတိုင်းကြော်ထားတဲ့ ထမင်းနဲ့ ဝက်ချိုချဉ်ကြော်တစ်ပွဲက အသင့်ရှိလို့နေ၏။ အခြားအရံဟင်းတွေရော။ ခါတိုင်းလည်း သူမလက်ထောက်မလေးဒီဒီကလုပ်ပေးနေကြမို့ ညှို့တအားစဉ်းစားမနေဘဲ ထိုင်စားလိုက်သည်။ ဒီဒီသူမကိုဂရုစိုက်ပုံက အိမ်ကဘာပစ္စည်းလိုလို ပြောစရာမလိုအောင် အဆင်သင့်ဝယ်ထည့်ပေးတတ်တာပင်။

ရေခဲသေတ္တာထဲ၊ မီးဖိုချောင်ထဲလည်း ဟင်းချက်စရာ၊ အစားအစာ၊ အချိုရည်ပျက်လက်တတ်တာမရှိ။ အိမ် passwardအပြင် သော့ပိုပါပေးထားတာကြောင့် ဒီဒီက ဒီအိမ်ရဲ့တံခါးမရှိ၊ဓားမရှိလေး ဖြစ်လို့နေပေသည်။

မင်းမြတ်မောင်ရဲ့ကုမ္ပဏီနဲ့ မနေ့ကပဲအလုပ်တွေအကုန်ဖြတ်သိမ်းကာ စာချုပ်ပြတ်စဲခဲ့တာကြောင့် ဒီအပတ်အတွင်း သူမအတော်အားနေဦးမှာဖြစ်သည်။ လင်းလက်နေတဲ့ကြယ်တစ်ပွင့်မို့ သူ့ထက်ငါ အပြိုင်အဆိုင် စာချုပ်ချုပ်ချင်နေကြတဲ့ကုမ္ပဏီတွေပေါပေမယ့် အသဲကွဲတာရော၊ ဒီနှစ်တွေအတွင်း ပင်ပမ်းခဲ့ရတာရောပေါင်းကာ သူမတစ်ပါတ်လောက်အေးဆေးအနားယူချင်သည်ကြောင့် ဆက်သွယ်လာသမျှကုမ္ပဏီတိုင်းကို သူမယာယီငြင်းထားလိုက်သည်။

အစားမက်သော်ငြား တကယ်စားလျှင်ကြောင်စာသောက်သာမို့ ထမင်းကြော်တစ်ပန်းကန်နဲ့တင် ညှို့ဗိုက်လေးတင်းသွား၏။ စားသောက်ပြီးစီးလို့ ဖုန်းသုံးမယ်ဆိုကာမှ ဖုန်းကရှာမတွေ့။ ကိုယ်ကျိုးတော့နေပြီ။ ပုံမှန် သူမလက်ကိုင်အိတ်ထဲထည့်ထားတတ်တာပေမယ့် ခုက လက်ကိုင်အိတ်ပါပျောက်နေတော့တာ။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now