My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂၇)
ဒီနေ့ည ပါတီသဘောမျိုး ကျင်းပတဲ့ Starlight.ဆုပေးပွဲအစီအစဉ်က မြန်မာတစ်နိုင်ငံလုံးမှာ အနုပညာနဲ့ပတ်သတ်၍ အခမ်းနားဆုံးပွဲတစ်ခုဖြစ်ပြီး အနုပညာရှင်တွေ၊ အနုပညာရှင်အသိုင်းအဝိုင်းတွေ၊ ပွဲဖြစ်အောင် စီစဉ်ပေးထားတဲ့ စပွန်စာကုမ္ပဏီတွေ၊ ပိုက်ဆံရှိလူချမ်းသာတွေသာ တက်ရောက်ခွင့်ရှိသည်။
ထို့ကြောင့် ဆုပေးပွဲရှေ့ ပုရိသတ်တွေ စုပြုံအုံခဲနေသလို အလုအယက်သတင်းယူမယ့် မီဒီယာတွေ၊ သတင်းသမားတွေကလည်း ကင်မရာကိုင်ကာ မြောက်များစွာ။
ပွဲက တစ်နှစ်တစ်ခါသာ ကျင်းပဖြစ်တဲ့အပြင် အနုပညာလောကမှာလည်း အကြီးကျယ်၊ အခမ်းနားဆုံးပွဲတစ်ခုမို့ အနုပညာအသိုင်းအဝိုင်းကလူတွေသာမက စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေကလည်း သူတို့လုပ်ငန်းတွေ ဒီကနေလူပိုသိအောင် အခွင့်အရေးကိုလက်လွှတ်မခံဘဲ ပွဲတက်ကြသည်။
အချို့ လူသိပြီးသားကုမ္ပဏီကြီးတွေကလည်း သူတို့ကုမ္ပဏီပိုနာမည်ကောင်းရအောင် ပွဲကိုထောက်ပံ့ကူညီခြင်း၊ လတ်တလော ပုရိသတ်အကြား ရေပန်းစားအကြိုက်များသော အနုပညာရှင်ကို ခေါင်းစခြေအဆုံး ပွဲနေ့တစ်ရက်တာ တာဝန်ယူစပွန်စာပေးခြင်းဖြင့် ဈေးကွက်ချဲ့ထွင်လျက်ရှိသည်။
ပွဲက အထဲမှာ ဟောခန်းကျယ်လို ကွင်းပြင်ကျယ်ကြီးဖြစ်တဲ့အပြင် ခုံတွေ၊ စားပွဲဝိုင်းတွေ ဘေးနံရံတွေ၊ လျှောက်လမ်းတွေမှာလည်း တန်ဖိုးကြီးပန်းများဖြင့် ဂန္တဝင်ဆန်အောင် အလှဆင်ထားသေးသည်။
ပွဲမစခင် ပွဲကိုကြွရောက်လာသောဧည့်ပုရိသတ်တွေအတွက် မပျင်းရလေအောင် ဖျော်ဖြေရေးအစီအစဉ်များလည်း ရှိသေး၏။ ပုရိသတ်ထဲက အနုပညာရှင်တွေ စင်ပေါ်တက်ရောက်ဖျော်ဖြေတာရှိသလို သက်သက်ငှားထားသောအနုပညာရှင်တွေကလည်း သူတို့ကိုယ်ပိုင်ဂီတဖြင့် ပွဲကို သက်ဝင်လှပစေသည်။
ဆုပေးပွဲဖြစ်သည်ကြောင့် အနုပညာရှင်တွေက စိတ်လှုပ်တရှားနဲ့ ရင်ခုန်ကြရတဲ့အပြင် ဆုနာမည်စာရင်းထဲမပါတဲ့သူတွေကလည်း ကိုယ့်အသိဘယ်သူများရမလဲ စသည်ဖြင့် အားလုံးက တတ်တတ်ကြွကြွ ရင်သပ်ရှုမောရှိကြရသည်။
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
