My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၁၀)
မနေ့က ဒေါ်လေးထားတို့ဆီကအပြန် ဒီဒီညီမလေးဆီပါဝင်ပြီး ပါတီပွဲအတူလိုက် ကျင်းပပေးရတာကြောင့် အိမ်ကို ညမိုးချုပ်မှပြန်ရောက်သည်။ လူက ညည်းစီစီမို့ ရေပါတစ်ခါတည်းစိမ်ချိုးပစ်လိုက်ရင် အိပ်ယာဝင်ချိန်က (၁၂) ကျော်သွား၏။
ချုပ်ရိုးက တစ်ချက်တစ်ချက်အောင့်နေသေးတာကြောင့် ဆေးသောက်အိပ်ရသည်။ သို့ပေမယ့် ပင်ပမ်းတာကြောင့် လူကတစ်ချိုးတည်း။ အကျိုးဆက်က မနက်အလုပ်နောက်ကျတော့ သူ့ဆီက အဆူခံထပ်ထိ၏။ အရင်ကဆို ဝမ်းနည်းစိတ်ဆိုးမိမှာပေမယ့် အခုက ဘာမှပြောချင်စိတ်မရှိ။ ငယ်ငယ်က သူ့ကိုစနောက်အနိုင်ယူခဲ့သမျှ မိုးသားလွှမ်းတို့ အညှိုးနဲ့အနိုင်ကျင့်ယူနေသလားထင်မှတ်ရသည်။
ကားမပါတာကြောင့် ညက အိမ်ကိုသူပဲပြန်လိုက်ပို့ပေးသည်ဖြစ်ရာ ဒီဒီညီမလေးပါတီပွဲမှာလည်း သူပါသည်။ ညနက်သန်းခေါင်မှ အိမ်ပြန်ရောက်တာလည်း သူသိ၏။ သိသိရက်နဲ့ လူကိုအလကားသက်သက် ပြဿနာကရှာချင်သည်။
စိတ်မကြည်တာမို့ မင်းကုဋေအရင်လို အနားလာ စ,နောက်သည်ကိုပင် ခွန်းတုံ့မပြန်နိုင်တော့ပါ။ ညှို့မျက်နှာမဲ့မဲ့နွမ်းနွမ်းလေးဖြစ်နေလျှင် မင်းကုဋေက ပြုံးကြည့်ပြီး အနားတိုးကပ်၍ phone ထောင်ကာ selfie ဆွဲသည်။
ဒါက ညှို့နဲ့သိလာတဲ့အတောအတွင်း သူ့အကျင့်တစ်ခုလို။
ဘာနေနေ ပုံရိုက်မှတ်တမ်းတင်ထားလိုက်ရမှ...
“ခုမှအလုပ်ရောက်တာကို အစ်မက ပြုံးပြုံးရွှင်ရွှင်နေစမ်းပါဗျာ... အစ်ကိုငေါက်တယ်ဆို။ ဘယ်လိုဖြစ်ရတာလဲ?”
ထိုအချိန်တုန်းက သူ့အခန်းမပါသေး၍ သူကနားနေခန်းထဲအဝတ်လဲနေတာမို့ မင်းကုဋေခမျာ ပွဲမမီလိုက်။ စပ်ကစုချင်သေးသည်။ ညှို့စိတ်ဆိုးမှာလည်း ကြောက်နေပုံရ၏။ မေးတာတောင်မဝံ့မရဲ။
လူကိုသာကြောက်တာ သူမနဲ့ဓာတ်ပုံတွဲရိုက်ဖို့တော့ မကြောက်ဖူးထင်သည်။ ရှူတင်ရှိတဲ့နေ့တိုင်း သူမသဘောကိုမမေးဘဲ ဓာတ်ပုံတွေ မရေမတွက်နိုင်အောင် တွဲရိုက်၏။
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
