ဇာတ်သိမ်းပိုင်း

11.7K 141 16
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)

အပိုင်း(၅၃) ဇာတ်သိမ်းပိုင်း...

“သမီး အဆင်သင့်လုပ်ထားလိုက်နော်… မေမေတို့ ဆရာဝန်ကြီးကို သွားတွေ့လိုက်ဦးမယ်…”

ဒီနေ့က ညှို့ ဆင်းရုံကဆင်းမယ့်ရက်ဖြစ်သည်။ ဒေါ်လေးတို့က ဒီလတွေအတွင်း အိမ်ကပါလာတဲ့ပစ္စည်းတွေကို ပြန်သိမ်းဆည်းနေသလို မေမေတို့က အခန်းထဲက ထွက်သွားနှင့်ပြီ။ ညှို့မှာသာ လေတိုက်၍ တဖျတ်ဖျတ်လွင့်မျောနေသော ခမ်းစီးလိုက်ကာစလေးကိုကြည့်ကာ အတွေးတို့ နယ်ချဲ့နေမိတော့၏။

တစ်ယောက်ခန်းသီးသန့်ငှားထားတာမို့ ဒေါ်လေးတို့ ပစ္စည်းသိမ်းဆည်းနေသည့် ချိုးချိုးချွတ်ချွတ်အသံကလွဲရင် အခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ တလှုပ်လှုပ်မျောလွင့်နေသော ခမ်းဆီးနောက်ပါးဆီမှာ အပြာရောင်မိုးသားကောင်းကင်ပြင်ကျယ်ကြီးရှိ၏။ ညှို့ဆေးရုံတက်တာ ငါးလပင်ရှိခဲ့ပြီ။

လွန်ခဲ့တဲ့ငါးလက ညှို့ဒီဆေးရုံ၊ ဒီအခန်းထဲကကုတင်ပေါ်မှာ လဲလျောင်းရင်း မေ့မျောလျက်ရှိခဲ့သည်။ အသက်မသေပေမယ့် ကိုမာဝင်မလားမသိနိုင်တဲ့အဆင့်ထိလည်း ဖြစ်ခဲ့၏။ ထိုအချိန်က ညှို့တစ်မိသားစုလုံး ပူဆွေးသောက ရောက်ခဲ့ရသည်။

ပြန်နိုးလာတော့လည်း စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်တဲ့ သေလူလိုအဆင့်နဲ့။ ညှို့မိသားစုဝင်တွေကပဲ ညှို့ဘေးနားရှိကာ ညှို့ကို အစစ၊အရာရာ ဂရုစိုက်ခဲ့ကြသည်၊ အားပေးနှစ်သိမ့်ခဲ့ကြသည်။ သို့ပေမယ့် ညှို့က စကားပြောနိုင်ပြီဖြစ်သလို လမ်းလည်း ကောင်းကောင်းပြန်လျှောက်နိုင်နေပြီ။

မောင်က ထိုအတောအတွင်း ဆေးရုံကိုရောက်မလာသလို ညှို့ကိုလည်းလာမတွေ့။ အနည်းဆုံး တစ်ခေါက်တစ်လေလောက် ရောက်လာရင်ကောင်းမည်ဟု ညှို့တွေးခဲ့သေးသည်။ စိတ်ဆိုးသလို တစ်ဖက်ကလည်း ညှို့ကို ပစ်ထားနိုင်တဲ့မောင့်ကြောင့် ဝမ်းနဲအားငယ်ရသည်။ နောက်အပြစ်လည်း တင်ခဲ့မိသည်။ မောင်က ညှို့ကိုမုန်းနေရင်တောင် သူ့အငြိုးအတေးတွေကြောင့် ညှို့အနားမှာရှိမယ်လို့ထင်ခဲ့တာ။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now