My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂၅)
ညှို့တို့ရှူတင်က ထွက်လာတော့ နေ့လည်စာစားချိန်ရောက်နေပြီ။ သူက နာမည်ကြီးဟော်တယ်တစ်ခုမှာ ဘိုကင်ကြိုချိတ်ထားပြီးသား။
“ဒါက အခန်းသော့ပါ...”
ညှို့တို့နားမယ့်အခန်းသော့ကို ကောင်တာရှိဝန်ထမ်းကောင်မလေးတွေက လှမ်းပေးသည်။ သူက ယူပြီးဒီအတိုင်းအရှေ့ကသွားလျှင် ညှို့မှာ နောက်ကလိုက်ရ၏။
“မောင် ညှို့ကိုစိတ်ဆိုးနေတာလား?”
ညှို့မေးပေမယ့် သူမဖြေ။ ညှို့သူနဲ့ ဘေးတိုက်တစ်တန်းတည်းဖြစ်အောင်လိုက်လျှောက်ရင်း…
“ညှို့ အမှားတစ်ခုခုလုပ်မိလို့လား?”
သူက ခြေလှမ်းတွေရပ်တန့်ပစ်ပြီး ညှို့ကို ခပ်တည်တည်ပဲပြန်ကြည့်သည်။ သူ့မျက်နှာမှာ စိတ်မရှည်မှုတွေအပြည့်...။
“မင်း ဘာအမှားလုပ်လို့ ကိုယ်ကစိတ်ဆိုးရမှာလဲ?”
“ညှို့မသိဘူး... ဒါပေမယ့် မောင့်မျက်နှာ တစ်ခုခုဖြစ်နေတယ်...”
“……”
သူကအတန်ကြာအထိ နှုတ်ဆက်နေဆဲဖြစ်ကာ ညှို့တို့က ဟိုတယ်ရဲ့စင်္ကြန်လျှောက်လမ်းကျယ်ပေါ်မှာ ရပ်နေကြမြဲ...။
“မင်း ဒီနေ့ရှူတင်ရှိတယ်ဆိုတာ ညက ကိုယ့်ကိုမပြောဘူး...”
“ဪ အဲ့ဒါက...”
ညက ညှို့ကနေထိုင်မကောင်းဘူးလေ။ ထိုရှူတင်ကိစ္စမှမဟုတ်။ ဘာကိုမှလည်း ခေါင်းထဲမရှိ။ နောက်ပြီး ညက သူသီချင်းဆိုပြတာကို ဆုံးအောင်တောင်နားမထောင်နိုင်ဘဲ အိပ်ပျော်သွားတာမဟုတ်ဘူးလား?
သူက ပြောဆိုသည့်သဘောဖြင့် ညှို့ကို ခပ်တည်တည်စိုက်ကြည့်သည်။ သူ့မျက်လုံးတွေကလည်း သူခိုးဖမ်းနေတဲ့အတိုင်း...။
“မဟုတ်သေးဘူးမောင်... ညက ညှို့နေမကောင်းဘူး... ရှူတင်ကိစ္စမှမဟုတ်ဘူး... ဘာကိုမှ ညှို့ခေါင်းထဲမရှိတာ။ ခု အလုပ်လာရတာလည်း မလွှဲသာလို့... နောက်ပြီး ဒီကစ္စကလည်း အဲ့လောက်ကြီးအထိ အရေးမပါလောက်ဘူးထင်လို့...”
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
