အပိုင်း (၆)

4.1K 73 1
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၆)

"မင်းနိုးပြီလား?"
ညှို့နဲ့မစိမ်းသက်ပေမယ့် ရင်းနှီးတယ်လို့လည်းမဆိုနိုင်တဲ့မျက်နှာတစ်ခုက အခန်းထဲဝင်လာ၏။

ထိတ်လန့်စိတ်နဲ့အတူ လူကကြောင်ကာ စွန့်အသွားရသည်။

'ကိုမိုးသားလွှမ်းက ဘယ်လိုလုပ်....'

"ညက မင်းမူးနေလို့ ဒီခေါ်လာလိုက်တာ..."
သူမမျက်နှာပေါ်ကအရိပ်အကဲကိုဖတ်နိုင်ပုံရတဲ့သူက သူမသိချင်သည်ကို တန်းအဖြေပေးလာသည်။

"သောက်နိုင်တာလည်းမဟုတ်ဘဲနဲ့ နောက် မင်းအဲ့လောက်မသောက်နဲ့လမင်း..."
ညှို့ဒီတစ်ခါတော့ တကယ်ကြောင်သွားရတာဖြစ်သည်။

သူ့နှုတ်ကထွက်လာတဲ့နာမ်စားက ညှို့နဲ့မရင်းနှီးသလို ဘယ်သူကမှလည်း ထိုကဲ့သို့မခေါ်ဘူးတာမို့ ညှို့နာမည်ပေမယ့် ထူးဆန်းသလိုဖြစ်နေသည်။ စိမ်းသက်တာမျိုးလည်းမဟုတ်ဘဲ တစ်မျိုးတော့တစ်မျိုးလေးပင်။

"ညက ကိုယ်မိတ်ဆွေတစ်ယောက်ဆီလာရင်း မင်းနဲ့တွေ့လို့... ကိုယ်မဟုတ်တဲ့သူသာဆို မင်း ဘယ်လိုလုပ်မလဲ?"

"........"

သူဆူတာခံရတော့မည်ဆိုတာသိလိုက်သည်မို့ ညကအရှိန်မပြေသေးသောညှို့ ခေါင်းတောင်ပိုကိုက်ချင်လာရသည်။ သူမက ကျားရှေ့မှမှောက်ရပ်လဲမိတဲ့အဖြစ်။

"မင်းနာမည်၊ မင်းရဲ့ကြိုးစားမှု၊ မင်းရဲ့သိက္ခာ အကုန်မြောင်းထဲရောက်သွားတော့မှာ.... ဒီနေ့အထိ လျှောက်လှမ်းလာခဲ့တဲ့လမ်းကြောင်းက ဘယ်လောက်အထိခက်ခဲလည်း ကိုယ်မပြောလည်း မင်းကိုယ်မင်းအသိဆုံးပါ။ ဒီကိစ္စကို သတင်းထောက်တစ်ယောက်ယောက်ကသာ တွေ့သွားကြည့်။ ဘယ်လိုဖြစ်မယ်လို့မင်းထင်လဲ?"

"ဟို ညှို့က..."

"ကိုယ့်စကားမဆုံးသေးဘူး... မင်းလုပ်ရပ်တွေက မင်းရဲ့နာမည်နဲ့အနုပညာလုပ်ငန်းကို ထိခိုက်လာနိုင်တယ်ဆိုတာ မင်းမသိတာမဟုတ်ဘူး... သိသိလျက်နဲ့ ဖြစ်ချင်တာတစ်ခုတည်းနဲ့ ရှေ့နောက်မဆင်ခြင်ဘဲ မင်းလုပ်တာ... တကယ်ဆို မင်းမှာကိစ္စတစ်ခုခုရှိရင် မင်းရဲ့လက်ထောက် ဒါမှမဟုတ် မန်နေဂျာကိုခေါ်လာလို့ရတယ်... သူတို့ပါရင် မင်းခုလောက်အထိစည်းလွတ်ဘောင်လွတ်မဖြစ်အောင် သူတို့ထိန်းပေးမှာ... ဒါပေမယ့် မင်းတမင်ခေါ်မလာခဲ့ဘူး..."

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now