My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၂၆)
ဒီရက်ပိုင်း မိုးသားလွှမ်းတို့ အတော်အားနေပုံရပါသည်။ ညှို့ရှူတင်ရှိတဲ့နေရာတွေကို မပြောမဆို ရောက်ချလာတတ်၏။
ခုလည်း ညှို့ တစ်ခန်းရိုက်ပြီးလို့ ခဏအနားယူနေချိန် သူကရောက်လာလေသည်။ လက်ထဲတွင်လည်း အချဉ်ပေါင်းတစ်ထုပ်နဲ့...
"မင်း စားချင်တယ်ဆိုလို့ ကိုယ်ဝင်ဝယ်လာခဲ့တာ..."
ညှို့တို့ သီချင်းmv.ရိုက်တဲ့နေရာကို အချဉ်ထုတ်တစ်ထုပ် ဆွဲ၍ရောက်လာတာဖြစ်သည်။
သူက လာတိုင်းmask.နဲ့မို့ ဘယ်သူဘယ်ဝါမှန်းမသိကြပေမယ့် ရိုက်ကွင်းကဝန်ထမ်းတွေကတော့ အမျိုးမျိုး ခန့်မှန်းထင်ကြေးပေးကြသည်။ သို့ပေမယ့် အနုပညာလောကသားအချင်းချင်းမို့ သတင်းက အပြင်မရောက်...။
ညှို့ချစ်သူမှန်းတော့ သိကြသည်။ သိုပေမယ့် ညှို့အေဂျင်စီနဲ့ ညှို့ဘက်က တရားဝင်ဖွင့်ချမပြမချင်း ဝင်ပြောကြမည်မဟုတ်။ သို့လော သို့လောဖြင့်သာ ဒီအတိုင်း ပြီးသွားကြသည်။
"စားလိုက်ဦး..."
"အင်း..."
ဖော့ဖူးနဲ့သပ်သပ်ရပ်ရပ်ထုတ်ပိုးထားပြီး ဗူးပေါ်ကတံဆိပ်က ညှို့စားနေကျ အချဉ်ပေါင်းဆိုင်က...။
ညှို့ စားချင်တာကို သူဘယ်လိုသိလဲ?
နောက်မှ သတိရလိုက်သည်က ညှို့ မကြာသေးမီကမှ လိုင်းပေါ် အချဉ်ပေါင်းစားချင်သည်ဟု တင်လိုက်သော post.တစ်ခု။
'အလုပ်က စနေပြီ။ အချဉ်ပေါင်းက မစားရသေးဘူး...'
ညှို့က ဒီအတိုင်းတင်လိုက်တာဖြစ်သည်။ စိတ်ထဲဘာမှမထားတာကြောင့် လွန်ခဲ့တဲ့နာရီဝက်လောက်ကထိုအချင်းအရာကို သတိတောင်မရ။
သို့ပေမယ့် ညှို့ချစ်သူကောင်လေးကတော့ အလေးထားစွာဖြင့် ချက်ချင်း ညှို့ရှိတဲ့ရှူတင်ကို အချဉ်ပေါင်းထုပ်ကိုင်၍ ရောက်လာသည်။
အမှုမဲ့အမှတ်မဲ့ကိုတောင် အလေးထားပေးတတ်တဲ့ Boy friend.ကောင်လေးရှိတာကို ညှို့ကျေးဇူးတင်ရမည်လား၊ ပျော်ရမည်လားမသိတော့။
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Lãng mạnခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...
