အပိုင်း (၃၆)

452 11 2
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၆)

18+ အခန်းအချို့ပါဝင်နိုင်သည်ကြောင့် (16)နှစ်မပြည့်သေးသောသူများ မဖတ်ကြပါရန် အထူးမေတ္တာရပ်ခံပါသည်။

ဂျောက်!..

အခန်းတံခါးဖွင့်ကာဝင်ခဲ့တော့ လုံခြုံမှုရှိပုံမရသေးသည့်အမျိုးသမီးငယ်ဟာ သူတင်ပေးထားခဲ့သည့်အတိုင်း မွေ့ယာပေါ် ထိုနေရာမှာ ခွေခွေးကလေး ငြိမ်ငြိမ်သက်သက်၊ သိမ်သိမ်မွေ့မွေ့ကလေးပဲ လှဲလျောင်းနေသည်။

ကလေးဆန်ကာ ဖြူစင်အပြစ်ကင်းတဲ့သူမနှဖူးကို သူမြတ်နိုးစွာ ငုံ့နမ်းမိသည်။ အိပ်နေသူက တစ်ချက်နိုးမလာ။

စိတ်ရော၊ လူရော အရမ်း ပင်ပမ်းခဲ့ဟန် တူပါသည်။ မျက်ရည်စီးကြောင်းတို့ ခြောက်သွေ့ပေကျံနေသောမျက်နှာလေးကို ကြည့်ကာ သူလည်း စိတ်မကောင်း။

သူသာနောက်ကျခဲ့လျှင်ဟူသော အတွေးတို့ မတွေးချင်။ ဝန်မခံချင်ပေမယ့် တကယ်လည်း သူအနည်းငယ်နောက်ကျသွားခဲ့သည်။ သူ့ချစ်သူတစ်ခုခုမဖြစ်ဖို့ သူရောက်သွားတဲ့အချိန်ဟာ လက်မတင်ကလေးတင် လိုတော့၏။

တကယ်ဆို သူက ဖြစ်ပြီးသမျှကို တစိမ့်စိမ့်ပြန်တွေးပြီး ကြေကွဲကာ နောင်တရနေတတ်တဲ့သူ,မဟုတ်။ အခုက လမင်းအတွက် စိတ်မကောင်းဖြစ်နေတာ...။

မျက်ရည်စတို့ခြောက်သွေ့နေသောမျက်နှာကလေးကို တရှိုက်မက်မက်ငုံ့နမ်းတော့ အနမ်းငယ်သာလူးလွန့်ပြီး ပြန်အိပ်သွားရှာသည်။ ဘယ်လောက်တောင် စိတ်တွေပင်ပမ်းခဲ့သလဲမသိ။ စိတ်မကောင်းပေမယ့် ဖြစ်ပြီးသမျှကို ပြန်ပြင်လို့လည်းမရ။

ဆံပင်လေးတွေသပ်တင်ကာ ခေါင်းလေးကိုအသာဖွဖွပုတ်ပေးနေမိသည်။ လမင်းက သူ့အတွက်ဘယ်လောက်အရေးပါမှန်း သူသာလျှင်သိ၏။

အပေါ်ထပ်ကုတ်ကိုချွတ်လိုက်ပြီး ဘေးနားမှာ ဝင်လှဲလိုက်သည်။ သူမခေါင်းကိုအသာကြွ၍ လက်တစ်ဖက်ကိုဆန့်တန်းပေးကာ ထိုလက်ပေါ်အိပ်စေလိုက်သည်အထိ သူ့အမျိုးသမီးငယ်လေးက နိုးမလာ။

သူကဘေးတစောင်းလှဲကာ သူမမျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်ရင်းက မျက်နှာပေါ်ရှိအစိတ်အပိုင်းများကို ညင်သာဖွဖွထိကိုင်ကြည့်နေမိသည်။ တစ်ညလုံးလည်း သူအိပ်မရ။ ထိုပုံစံအတိုင်းပဲ မိုးလင်းခဲ့ရသည်။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now