အပိုင်း (၁၁)

3.7K 59 1
                                        

My Stalker (မင်းရဲ့အရိပ်က​​လေး)
အပိုင်း(၁၁)

လေဆိပ်ကအပြန် သူကညှို့ကို အဝေရာမှာ ကြေးအိုးလိုက်တိုက်သည်။ ဆိုင်က မြို့လည်အချက်အခြာကျတဲ့အပြင် ရန်ကုန်မှာနာမည်ကြီးမို့ နှစ်ထပ်ရှိသည်တောင် ကြက်ပျံမကျ ကြိတ်ကြိတ်တိုးစည်ကားနေ၏။ သီးသန့်ခန်းမှာဆိုပေမယ့် ဇကာပေါက်နံရံပါးလေးတွေသာခြားထားသလို အသံလည်းမလုံတာမို့ အပြင်ဘက်ကလူတွေပြောသမျှစကားတွေကိုလည်း အကုန်ကြားနေရသည်။
သာရေး၊ နာရေး၊ လူမှုရေး၊ စီးပွားရေး တစ်နေ့တာဖြစ်ပျက်သမျှ အစုံအကုန်ပါပင်။

“စိတ်ပျက်နေပြီလား?”

စားနေရင်းမှ မျက်နှာချင်းဆိုင်ကညှို့ကိုကြည့်ကာ သူမေးလာတဲ့အခါ ညှို့ခေါင်းသာခါပြလိုက်မိသည်။
တစ်ခါတစ်လေ တိတ်ဆိတ်မှုကိုလိုလားတောင်းတတာမှန်ပေမယ့် သူ့အသိုင်းအဝိုင်းဝန်းကျင်မှာနေရင် အလုံးစုံရှောင်လွဲလို့မရသည်မို့ ဒါကိုစိတ်ပျက်စရာဒုက္ခတစ်ခုလို့တော့ ညှို့မမြင်ပါ။

ညှို့က နာမည်ကြီးတစ်ယောက်ဆိုတိုင်း ဘဝမေ့တတ်သူတော့ မဟုတ်ပါ။ အစကတည်းက သင့်တင့်လျှောက်ပတ်စွာနေနိုင်ရင်တောင်၊ နာမည်ကြီးမဟုတ်လို့၊ အဘွားကသူမမိဘတွေကိုလှည့်မကြည့်လို့ သာမန်ဘဝနဲ့နေရရင်တောင် ညှို့က ထိုအတိုင်းသာ ဆက်ရပ်တည်ဖြစ်မှာဖြစ်သည်။ မာနတရားရှိသင့်သလောက်ရှိပေမယ့် အနံကြီးကွင်းကျယ်တဲ့အထဲ ကြီးကျယ်သွားတဲ့အထဲ ညှို့က ဘယ်သောအခါမှပါမည်မဟုတ်။

“ဒီဆိုင်က ကြေးအိုးသောက်ကောင်းသားပဲ...”

“အင်း... ဒီဆိုင်က နာမည်ကြီးပဲလေ... မကိုယ်မခေါ်ခင်က မင်း ဒီကို တစ်ခါမှမလာဖူးသေးဘူးလား?”

တစ်ခါ၊နှစ်ခါတော့လာဖူးပေမယ့် အဲ့ဒီတုန်းကကိုနဲ့ ကြည်နူးမဝတဲ့ရည်စားတို့သဘာဝမို့ အရသာတောင် အာရုံခံခွင့်မရှိ။

အတွေးလွန်နေတဲ့ညှို့က ပြန်ဖြေဖို့တုန့်ဆိုင်းနေလျှင် သူကစူးရှရှစိုက်ကြည့်ကာပြုံး၏။ ထို့နောက် စားလက်စဇွန်းကိုချကာ လက်နှစ်ဖက်ကိုစားပွဲပေါ်ယှက်တင်၍ ညှို့ကိုခပ်တည်တည်စိုက်ကြည့်ပြီး...

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now