အပိုင်း (၄၈)

3.2K 50 0
                                        

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၄၈)

နှစ်ကုန်ပိုင်းမင်္ဂလာပွဲကြောင့် ဒီလထဲရှူတင်တွေ၊ကြော်ညာတွေ အပြတ်ရိုက်ပေးနေရသည်မို့ သူရော၊ ညှို့ရော အရင်လိုမအားလပ်ကြ။ တစ်ပါတ်တစ်ရက်တောင် အနားမယူနိုင်တဲ့အဆင့်ကို ရောက်နေကြသည်။

မေမေတို့ကတော့ နောက်အပတ်ထဲ ရန်ကုန်ကိုလာကြမယ်ပြော၏။ ဖွားကအစပိုင်းသဘောမတူချင်ပေမယ့် ဖုန်းနဲ့ရော၊ လူကိုယ်တိုင်ရော သူကကြိတ်စည်းရုံးထားသည်ကြောင့် နောက်ဆုံးသဘောတူလက်ခံလာသည်။ သူ့မိဘတွေကတော့ အစကတည်းက ညှို့ကိုချစ်ပြီးသားမို့ ပြောစရာမလို။

သူက ညှို့တို့မင်္ဂလာဆောင်ကို ရန်ကုန်မှာရော၊ ညှို့မိဘတွေရှိတဲ့ မန္တလေးမှာရော၊ သူ့မိဘတွေရှိတဲ့စင်္ဂပူမှာပါ သုံးနေရာ၊ သုံးကြိမ်သုံးခါ မင်္ဂလာယူဖို့စီစဉ်ထားသည်။

ရန်ကုန်မှာကျ နာမည်ကြီးဟော်တယ်တစ်ခုမှာ မနက်ပိုင်းတစ်ခုလုံးကျင်းပမည်ဖြစ်ပြီး ညှို့တို့နှစ်ယောက်လုံးက အနုပညာရှင်တွေမို့ နီးစပ်ရာအသိုင်းအဝိုင်းကလူတွေကို ဖိတ်၍ ဧည့်ခံကြရမည်ဖြစ်သည်။ ထိုအထဲ သတင်းမီဒီယာတွေပါ ပါ၏။
ညှို့တို့ငှားထားသည်မဟုတ်ဘဲ သတင်းယူရန် သူတို့ဘာသာ တက်ရောက်ကြမှာဖြစ်သည်။

ညပိုင်း ဒင်နာပါတီက သက်သက်။ မြစ်ထဲ သင်္ဘောကိုအပြတ်ငှား၍ ကျင်းပမည်။

နောက်တစ်ရက်ခြာကျ ညှို့မိဘတွေရှိတဲ့မန္တလေးဆင်းကာ ဘုန်းကြီးကျောင်းတစ်ခုမှာ ဆွမ်းကပ်၍ အလှူဒါနပြု ကုသိုလ်ယူကြမည်။ မန္တလေးမှာတော့ ပွဲကိုထပ်အကျယ်ချဲ့ဖို့စိတ်ကူးမထား။

ညှို့တို့က တစ်နေကုန် မန္တလေးရှိမိဘမဲ့ကျောင်းတွေကို မင်္ဂလာဦးကုသိုလ်အဖြစ် လိုအပ်သည်များအား လိုက်ကုသိုလ်ပြုထောက်ပံ့ပေးမှာဖြစ်သည်။ ညှို့စိတ်ကူးကို သူကလည်း သဘောတူ၏။

ထို့အတူ သူ့မိဘတွေရှိတဲ့ စင်္ဂါပူမှာလုပ်မယ့်မင်္ဂလာပွဲအခမ်းအနားကိုလည်း ညှို့က သူ့သဘောကျလိုက်လျောပေးရသည်။ ရန်ကုန်မှာဆောင်မယ့် မင်္ဂလာပွဲအခမ်းအနားကလည်း မောင့်အစီအစဉ်တွေသာဖြစ်သည်။ မောင်က အစကကျစိတ်မဝင်စားသလိုလိုနဲ့ လုပ်ပြန်တော့လည်း သူများထက်အရာရာစေ့စပ်သေချာသူဖြစ်သည်။

My Stalker (မင်းရဲ့အရိပ်ကလေး) CompletedWhere stories live. Discover now